26 C
Yangon

မြင်းခြံတွင် အိမ်ခြေ ၁၀၀၀ ကျော်ရှိသော ပျားကျေးရွာကို စစ်တပ်က မီးတင်ရှို့နေပြီး ပြည်သူထောင်ချီ ထွက်ပြေးရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၈

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ အိမ်ခြေ ၁၀၀၀ ကျော်ရှိသော ပျားကျေးရွာကို စစ်တပ်က မီးတင်ရှို့နေပြီး ပြည်သူများ ထွက်ပြေးနေရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၈ ရက်နေ့ ညနေ ၄ နာရီအချိန် ပျားကျေးရွာအနီးတွင် တိုက်ပွဲဖြစ် ပွားပြီးနောက် စစ်တပ်က ညနေ ၆ နာရီအချိန်တွင် ပျားကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး အိမ်များကို မီးရှို့ခြင်းဖြစ်ကြောင်း၊ ပြည်သူများအားလုံး ထွက် ပြေး နေရပြီး မပြေးနိုင်သော ပြည်သူများကို စစ်တပ်က ဖမ်းဆီးရိုက်နှက် မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“ဒီနေ့ ညနေ ၄ နာရီ လောက်ကစပြီး ရွာနားမှာ တိုက်ပွဲဖြစ်နေတာ။ တိုက်ပွဲရပ်သွားတော့ ညနေ ၆နာရီလောက်မှာ ရွာထဲကို စစ်သားတွေ ဝင်လာပြီး မီးတွေရှို့နေတာပဲ။ ရွာသူရွာသားအားလုံးတောထဲကိုတိမ်းရှောင်နေရတယ်။ ရွာမှာက အိမ်ခြေ ၁၀၀၀ ကျော်ရှိပါတယ်။ ဒါပေမယ့် အခု မီးက အရမ်းကြီးတော့ တောတောင်တွေ ထဲကတောင် မီး တောက်ကို လှမ်းမြင်နေရတယ်။ ဘယ်လောက်လောက် လောင်နေလဲမသိဘူး။ ညနေပိုင်းလောက်ကတော့ရွာသားတချို့ဖမ်း ဆီး အရိုက်ခံရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် မန္တလေး တိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေး တိုင်းတို့တွင် စစ် ကြောင်းများဖြင့် လှည့်လည်ပြီး ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ကျေးရွာများကို ရွာလုံး ကျွတ် မီးရှို့ခြင်းကဲ့သို့သော စစ်ရာဇ ဝတ်မှုများကို ကျူးလွန်လျက်ရှိကြောင်း ဒေသခံများ၏ အဆိုအရ သိရှိရသည်။

ဓာတ်ပုံ- ယခု ည ၆ နာရီ အချိန် မီးလောင်နေသော မြင်းခြံမြို့နယ်၊ ပျားကျေးရွာ၏ မီးတောက်မြင်ကွင်းများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article