26 C
Yangon

Must read

ဝက်လက်၊ ပိတောက်ခြုံရွာကို စစ်တပ် ဒုတိယအကြိမ် မီးရှို့မှု နေအိမ် ၆၁ လုံးပြာကျ

ရန်ကုန်၊ နိုဝင်ဘာ ၉

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ပိတောက်ခြုံရွာကို အကြမ်းဖက် စစ်တပ် ဒုတိယအကြိမ် မီးရှို့မှု နေအိမ် ၆၁ လုံး ပြာကျခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၈ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ပိတောက်ခြုံရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်း မီးရှို့ခဲ့ပြီး နေအိမ် ၆၁ လုံးကို လုံး၀ ပြာကျ ပျက်စီးသွားကြောင်း ဒေသံများက ပြောဆိုကြသည်။

စစ်တပ်က ပိတောက်ခြုံရွာကို မဝင်ရောက်မီ ရွာသစ်ကျေးရွာတွင် တပ်စွဲ ညအိပ်ခဲ့ကြောင်း၊ စစ်တပ်က ကျေးရွာကို ဝင်ရောက် စီးနင်းချိန်တွင် ဒေသခံ ပြည်သူများမှာ နေအိမ်ရှိ ပစ္စည်းများ ယူဆောင်ချိန်မရဘဲ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရသောကြောင့် လက်ရှိအချိန်တွင် အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။

” အကြမ်းဖက် စစ်တပ် ဝင်ရောက် စီးနင်းချိန်မှာ ပြည်သူတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေးနိုင်ခဲ့ပါတယ်။ စစ်ခွေးတွေ မီးရှို့လို့ နေအိမ် ၆၁ လုံးပြာကျခဲ့တယ်။ သူတို့ ထွက်ပြေးချိန်မှာ ဘာပစ္စည်းမှ ယူချိန်မရတော့ စားဝတ်နေရေး တော်တော် ခက်ခဲနေတယ်။ ဝက်လက် နယ်ထဲမှာ မီးရှို့ ဖျက်ဆီးခံရတဲ့ ရွာတွေကတော့ အများကြီးပဲ သောင်းနဲ့ချီတဲ့ ပြည်သူတွေကတော့ စားဝတ်နေရေးနဲ့ ပတ်သက်တဲ့ အကူအညီတွေ လိုအပ်နေပါတယ်” ဟု GZ Special Task Force – Wetlet အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article