25 C
Yangon

မင်းအောင်လှိုင်လိုက်ပါသောကားကို ဝင်တိုက်လုနီးပါး ဖြစ်ခဲ့တဲ့ ရထားမောင်း ဖိုးလပြည့် ရာထူး လျှော့ ၊ လစာ ၆ လလျှော့ ပြစ်ဒဏ်ဖြင့် ရထားစက်ခေါင်းမောင်း သင်တန်း ပြန်တက်ခိုင်း၊ ရထားမန်နေဂျာအာမခံ၍ အမှုမှ လွတ်မြောက်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၉

အကြမ်းဖက် မင်းအောင်လှိုင်ယာဉ်တန်းကို ရထားဖြင့် ဝင်တိုက်လုနီးပါးဖြစ်ခဲ့ရသည့် ရထားမောင်းဖိုးလပြည့်ကို စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ပြီးနောက် လစာ ၆ လျှော့ ၊ ရာထူးလျှော့ချမှုပြစ်ဒဏ်ဖြင့် ရထား စက်ခေါင်းမောင်း သင် တန်းပြန်တက်ခိုင်းကာ အရေးယူခံထားရကြောင်း မီးရထားသတင်းရပ်ကွက်ထံမှ သိရှိရသည်။

အောက်တိုဘာလ ၁၉ ရက်နေ့တွင် ညနေ ၆ နာရီ အချိန် နေပြည်တော်၊ ပျဉ်းမနားဘူတာကြား မိုင်တိုင်အမှတ် ၂၂၆/၁၆-၁၇ တွင် မင်းအောင်လှိုင်၏ ယာဉ်တန်း ဖြတ်သန်းနေစဉ် မီးရထားမောင်း ဖိုးလပြည့် မောင်းနှင်လာသော 68-RGC သံလမ်းပြေးယာဉ်က ဝင်တိုက်လုနီးပါး ဖြတ်သန်းသွားသဖြင့် မင်းအောင် လှိုင် ယာဉ်တန်း အားလုံး ရပ်တန့်ခဲ့ရကြောင်း၊ မင်းအောင်လှိုင်လိုက်ပါသော ကားကို ရထားဖြင့် ဝင်တိုက်လုနီးပါး ဖြစ်ပွားခဲ့သဖြင့် အဆိုပါ ရထားမောင်းသူ ဖိုးလပြည့်ကို မင်းအောင်လှိုင်က အရေးယူခိုင်းကြောင်း သိရှိရသည်။

မီးရထားဌာနက စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ရာတွင် ရထားမောင်းဖိုးလ ပြည့် ၏ သံလမ်းပြေးရထားသည် မူလ သတ်မှတ်ထားသည့်အတိုင်း ပြေးဆွဲခြင်းဖြစ်ပြီး သူ၏ လုပ်ငန်းဆောင်တာကိုသာ ဆောင်ရွက်ခြင်းဖြစ်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း၊ ဖြစ်ပွားခဲ့သော ဖြစ်စဉ်မှာလည်း တမင်ရည်ရွယ်ခြင်းမဟုတ်ဘဲ တိုက်ဆိုင်၍ မတော်တဆ ဖြစ်ပွားခြင်းဖြစ်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်တွင် မင်းအောင်လှိုင်လိုက်ပါသော စစ်ကားတန်းက စည်းကမ်းဖောက်၍ ရထားသံလမ်းကို ဖြတ်ကျော်ခြင်းဖြစ်ပြီး သံလမ်းပြေးရထားမှာ သတ်မှ တ်ထားသည့် အစီအစဉ် ၊ အချိန်ဖြင့် ဖြတ်သန်းခြင်းဖြစ်ကြောင်း၊ မင်းအောင် လှိုင်ယာဉ်တန်း ဖြတ်သန်းမည်ကို မီးရထားဌာနကို တရားဝင် အကြောင်းမကြားဘဲ စည်းကမ်းမဲ့ ရထားသံလမ်းဖြတ်ကူးခြင်းဖြစ်သည်ဟု သိရှိရသည်။

“အခုက မီးရထားလူကြီး GM ကတာဝန်ခံပေးတော့ ဖိုးလပြည့်ကို ရာထူးလစာလျှော့ချ ပြစ်ဒဏ် ၆လနဲ့စက်ခေါင်းမောင်းသင်တန်းပြန်တက်ခိုင်းထားတယ်။ အမိန့်စာက လူကြီးတွေလက်မှတ်ထိုးပြီး တိုင်းရုံးနဲ့ကာယကံရှင်တွေဆီပို့ထားပြီးပြီ။ အခုကစစ်တပ်ကမီးရထားကိုမယုံတော့ဘူး။ မင်းအောင်လှိုင်စီးမယ့်ရထားကိစ္စဓါတ်ပုံတွေ ကြိုတင်ပေါက်ကြားပြီးကတည်းက။ နောက်ပြီး ၇၂ အစုန် ရထား ရထားထိန်း (ဂတ်ဗိုလ်)ကို ကြို့ပင်ကောက်ဘူတာအရောက်မှာ ဂတ်တွဲမှာ လက်နက်သယ်လာလို့ဆိုပြီး စစ်တပ်က ဖမ်းသွားတယ်။ အဲဒါကြောင့် စစ် တပ်က မီးရထားဌာနကို စောင့်ကြည့်မှုတွေ လုပ်နေတယ်။ ဖိုးလပြည့်ကိစ္စကတော့ မရည်ရွယ်ဘဲဖြစ်တာဆိုတာ တွေ့ရတယ်” ဟု မီးရထားသတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ- မီးရထားတွဲတွေ လိုက်စစ်နေတဲ့ အကြမ်းဖက်မင်းအာင်လှိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article