Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ -ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတပ်တို့ နိုဝင်ဘာ ၈ရက်နေ့က တစ်ရက်တည်း ၅နေရာမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၁၀ဦး သေသွားကာ လက်နက်ခဲယမ်းအချို့ခရရှိခဲ့တယ်လို့ AAက ထုတ်ပြန်ပါတယ်။ – အကြမ်းဖက်မင်းအောင်လှိုင်ယာဉ်တန်းကို ရထားနဲ့ ဝင်တိုက်လုနီးပါးဖြစ်ခဲ့ရတဲ့ ရထားမောင်းဖိုးလပြည့်ကို စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ပြီးနောက် လစာ ၆ လလျှော့ ၊ ရာထူးလျှော့ ပြစ်ဒဏ်နဲ့ ရထား စက်ခေါင်း မောင်း သင်တန်းပြန်တက်ခိုင်းကာ အရေးယူခံထားရတယ်လို့ မီးရထားသတင်းရပ်ကွက်ဆီက သိရပါတယ်။ – မန္တလေးမြို့၊ အိုးဘိုနှင့် သူရဲစျေး ဘူတာကြား နေအိမ်ရာပေါင်းများစွာကို ကျူးကျော်လို့ဆိုကာ စစ်တပ်က မနေ့ကချက်ချင်းဖျက်ခိုင်းပြီး လူ ၁၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ – နာမည်ကျော်ဟာသ၀တ္တုစာရေးဆရာ အကြည်တော်ဟာ ရန်ကုန်မြို့၊ ပင်လုံ ပုဂ္ဂလိကဆေးရုံမှာ မနေ့ည ၈ နာရီ ၃၀ မိနစ်မှာ ကွယ်လွန်သွားတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။