26 C
Yangon

ဝက်လက်တွင် တန်ဆောင်တိုင် လပြည့်နေ့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သော ၃ နှစ်အရွယ်ကလေးနှင့် အဘွားအို အသက်လုနေရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၀

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိန်းမကားကျေးရွာတွင် နိုဝင်ဘာလ ၇ ရက်နေ့ (တန်ဆောင်တိုင်လပြည့်နေ့) ညပိုင်းတွင် စစ်တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်၍ အမျိုးသမီး ၁ ဦးသေဆုံးပြီး အဘွားအို ၁ ဦး၊ ကလေးငယ် ၁ ဦး အပါအဝင် ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိရာ ကလေးငယ်နှင့် အဘွားအိုမှာ ရရှိသော ဒဏ်ရာကြောင့် အသက်လုနေရကြောင်း နဂါနီးပျောက်ကျားတပ်ဖွဲ့မှ ဗိုလ်ကောင်းကင်က ပြောသည်။

နိုဝင်ဘာလ ၇ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်အချိန် ဝက်လက်မြို့နယ်၊ ရှိန်းမကား‌ကျေးရွာရှိ စစ်တပ်စခန်းမှ လက် နက်ကြီး ရမ်းသန်း ပစ်ခတ်ကြောင်း၊ ပစ်ခတ်မှုကြောင့် ကျေးရွာရှိ နေအိမ် တလုံးပေါ်သို့ လက်နက်ကြီး ကျရောက်၍ မိသားစုဝင် ၄ ဦး ကျည်ထိမှန်ကြောင်း၊ အမျိုးသမီး ၁ ဦးသေဆုံးပြီး အမျိုးသမီး ၏ ခင်ပွန်းဖြစ်သူ ဒဏ်ရာ အပြင်း အထန်ရရှိကြောင်း၊ အဘွားအို တစ်ဦးနှင့် သေဆုံးသူ အမျိုးသမီး၏ ၃ နှစ်အရွယ်ကလေးငယ် ပါ ဒဏ်ရာ အပြင်းအထန်ရရှိထားကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ဒဏ်ရာရရှိတဲ့ အမျိုးသားကတော့ အခြေအနေကောင်းတယ်။ ကလေးငယ်နဲ့ အဘွားအိုက အသက်လုနေရတယ်။ အခုကတော့ တော်လှန်ရေးမိသားစုတွေက ပေါင်းပြီး ဆေးကုပေးနေရတယ်။ အသက်အန္တရာယ်က လုံး၀ စိုးရိမ်နေရတဲ့ အခြေအနေပါ။ ကလေးနဲ့ အမေကြီးက အဲဒီလို အခြေအနေပါ” ဟု ဗိုလ်ကောင်းကင်က ပြောဆိုသည်။

စစ်တပ်၏ လက်နက်ကြီးထိမှန်သော မိသားစုမှာ ငွေကြေးချို့တဲ့ပြီး တောင်ယာလုပ်ငန်း လုပ်ကိုင်သူများဖြစ်သဖြင့် ဆေးဖိုး အပါအဝင် ကုန်ကျစရိတ်များကို‌ တော်လှန်ရေးအင်အားစုများနှင့် မိသားစုများက ပံ့ပိုးနေရသည်ဟု သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article