26 C
Yangon

မြ၀တီမြို့နယ်၊ သေ့ဘောဘိုးကျေးရွာတစ်၀ိုက်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ရဟတ်ယာဉ် များဖြင့် ပစ်ခတ် ဗုံးကျဲ

Must read

မြ၀တီမြို့နယ်၊ သေ့ဘောဘိုးကျေးရွာတစ်၀ိုက်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ရဟတ်ယာဉ် များဖြင့် ပစ်ခတ် ဗုံးကျဲ

ရန်ကုန်၊ နိုဝင်ဘာ ၁၀

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သေ့ဘောဘိုးကျေးရွာတစ်၀ိုက်ကို တိုက်ပွဲဖြစ် ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် ပစ်ခတ် ဗုံးကျဲလျက်ရှိကြောင်း PDF သတင်းရင်းမြစ်များထံမှ သိရှိရသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ ခွဲအချိန်မှစတင်ပြီး KNLA နှင့် PDF တပ်များ ပူးပေါင်း လုံခြုံရေးယူထားသော တောင်နီကုန်းဝန်းကျင် သေ့ဘောဘိုးကျေးရွာတစ်၀ိုက်သို့ စစ်ကောင်စီတပ်များက ရဟတ်ယာဥ်မျာားဖြင့်အကြိမ်ပေါင်းများစွာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း၊ ယနေ့ မွန်းလွဲ ၁ နာရီတွင် လေယာဉ်ဖြင့် ဗုံးကျဲသွားကြောင်း သိရှိရသည်။

“ဒီနေ့ တိုက်ပွဲမဖြစ်ဘဲ သူတို့ အရင်စခန်းဟောင်း မြဝတီ-ဝေါလေကြား သေ့ဘောဘိုးရွာ တဝိုက်မှာ စစ်တပ် လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ ဝဲပြီး ဗုံးကျဲစက်သေနတ်တွေနဲ့ ရမ်းပစ်နေတယ်။ မနက်ကတည်းက ပစ်နေတာ။ မွန်းလွဲ ၁ နာရီမှာလည်း ထပ်ပစ်တယ်။ သူတို့စခန်းကုန်းနေရာပောာင်းပေါ်မှာ ရဟတ် ယာဉ် ဖြည်းဖြည်း မောင်းပြီး လှည့်ပတ်ကြည့်နေတယ်။ ဒီဘက်က အဖွဲ့တွေ ထိခိုက်မှုမရှိပါဘူး” ဟု PDF သတင်းရင်းမြစ်က ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ယခင်က မြေပြင်တပ်များ အထိနာချိန်မှ တိုက်ခိုက်ရေးရဟတ်ယာဉ်၊ စစ်လေယာဉ်များဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်သော်လည်း ယခုနောက်ပိုင်းတွင် စစ်ရေးဗျူဟာပြောင်းလဲကာ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို ဦးစားပေး၍ ဆောင်ရွက်လျက်ရှိကြောင်း၊ မြေပြင်တွင် စစ်ကောင်စီတပ်သားများ သေဆုံးမှု များပြားနေမှုကို လျှော့ချရန် ကြိုးစားနေကြောင်း ရန်ကုန်ခေတ်သစ်၏ စစ်ဘက် ဆိုင်ရာ သတင်းရင်းမြစ်က အတည်ပြု ပြောဆိုခဲ့ထားပြီးဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article