26 C
Yangon

သထုံအမှတ် ၉ လေ့ကျင့်ရေးတပ်မှ ဒုတပ်ရင်းမှူးနှင့်အဖွဲ့ကို သထုံ PDFက တိုက်ခိုက်မှု ဗိုလ်မှူးချစ်ဝင်းသူ အပါအဝင်စစ်သား ၃ ဦးသေဆုံး၊ ဗိုလ်မှူးချစ်ဝင်းသူ ဖမ်းဆီးလာသော ပြည်သူများကို ကယ်ထုတ်ပြီး လက်နက်များ သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၀

ပြည်သူများကို ဖမ်းဆီးလာသော သထုံမြို့နယ် အမှတ် ၉ လေ့ကျင့်ရေးတပ်မှ ဒုတပ် ရင်း မှူး ဗိုလ်မှူးချစ်ဝင်းသူနှင့်အဖွဲ့ကို သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကပဖ ) က တိုက်ခိုက်ရာ ဗိုလ်မှူးချစ်ဝင်းသူ အပါအဝင်စစ်သား ၃ ဦးသေဆုံးပြီး ဖမ်းဆီးခံထားရသော ပြည်သူများလွတ်မြောက်လာကြောင်း၊ လက်နက်များ သိမ်းဆည်းရမိကြောင်း သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် ပြည်သူများကို မတရားဖမ်းဆီးလာသော စစ် ကားကို သထုံပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က တားဆီးပစ် ခတ်ခဲ့ကြောင်း၊ ထိုပစ်ခတ်မှုတွင် စစ်တပ်ဘက်မှ ဗိုလ်မှူးချစ်ဝင်းသူ အပါအဝင် ၃ သုံးဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရကာ ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ ၎င်းကားပေါ်မှ လက်နက် ၃ လက်၊ ငွေသား ၂၃ သိန်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

တိုက်ခိုက်မှုအပြီးတွင် ဗိုလ်မှူးချစ်ဝင်းသူနှင့်အဖွဲ့က မတရားဖမ်းဆီးလာသော ပြည်သူများကို ကယ်ထုတ် နိုင်ခဲ့ကြောင်း၊ ဗိုလ်မှူး ချစ်ဝင်းသူသည် ထုံးဘိုလေးကျေးရွာ မီးရှို့မှုတွင် အဓိကပါဝင်သူဖြစ်ပြီး သထုံမြို့တွင်း တက်ကြွလှုပ်ရှားသူများကို မတရားဖမ်းဆီးခဲ့သူဖြစ်ကြောင်း၊ ဝီယော်ကျေးရွာ ရေတံခွန်လာသော လူငယ်များကို PDF ဟု အမှုဆင် မတရားဖမ်းဆီးခဲ့သူလည်းဖြစ်ပြီး ကားမှောင်ခိုလုပ်ငန်းလုပ်ကိုင်သူဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article