26 C
Yangon

ဘုတလင်၊ သက်ရှည်ကန်ကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူများကို ကယ်ထုတ်နေသည့် PDF ရဲဘော် ၂ ဦး ပစ်သတ်သွား

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၀

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ သက်ရှည်ကန်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ပစ်ခတ် ဝင်ရောက်စီးနင်းပြီး ပြည်သူများကို ကယ်ထုတ်နေသည့် PDF ရဲဘော် ၂ ဦး ပစ်သတ်လိုက်ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

နိုဝင်ဘာလ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဘုတလင်မြို့နယ် သက်ရှည်ကန်ရွာကို ဝင်ရောက် စီးနင်းခဲ့စဥ် ဒေသခံ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးနိုင်ရန် ကယ်ထုတ်နေသည့် PDF ရဲဘော် ၂ ဦးကို အကြမ်းဖက် စစ်တပ်က ပစ်သတ်ခဲ့ကြောင်းသိရသည်။

အကြမ်းဖက် စစ်တပ် ပစ်သတ်ခဲ့သည့် PDF ၂ ဦးမှာ ရဲဘော် ဗိုလ်မီးတောက်နှင့် ရဲဘော် မျိုးသူဝင်း တို့ဖြစ်ပြီး ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ကျေးရွာအတွင်းမှ ရုပ်အလောင်းများ ပြန်လည် ရယူနိုင်ခဲ့ကြောင်း သိရသည်။

” PDF ရဲဘော် ၂ ဦး အသတ်ခံရပါတယ်။ စစ်ခွေးတွေက မနေ့တည်းက သက်ရှည်ကန်ရွာထဲကို ဝင်ရောက် စီးနင်းတာဝင်တာ ဒီနေ့ ရွားသားတွေ ရွာထဲပြန်ဝင်တော့ ရဲဘော် ၂ ဦးရဲ့ ရုပ်အလောင်းကို မနက်ကမှ တွေ့တာ။ ရဲဘော် ဗိုလ်မီးတောက်က မိုင်းဆွဲ ဘုရင်လို့ ပြောလို့ရတယ်။ သူမိုင်းဆွဲလို့ သေခဲ့တဲ့ စစ်ခွေးတွေလည်း အများကြီး ရွာကလူတွေကို စစ်ဘေးရှောင်နိုင်ဖို့ ကယ်ထုတ်နေရင်း စစ်ခွေး စစ်ကြောင်နဲ့ ထိပ်တိုက်တိုးသွားပြီး ပစ်သတ်ခံလိုက်ရတာပါ” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article