35 C
Yangon

မြင်းမူ မြန်မာ့စီးပွားရေးဘဏ် လုံခြုံရေးအစောင့် စစ်တပ် ဗုံးဖြင့် ပစ်ခတ်ခံရ၍ စစ်သား ၅ ဦးသေဆုံးဟုဆို

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၁

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်အစောင့် စစ်သားများကို ယနေ့ နံနက်ပိုင်းတွင် လက်ပစ်ဗုံးဖြင့် ပစ်ခတ်၍ စစ်သား ၅ ဦးသေဆုံးသွားကြောင်း မြင်းခြံ Zero ပျောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ကိုသက်ကြီးက ပြော ဆိုသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၅ နာရီကျော်အချိန် မြင်းမူ မြန်မာ့စီးပွားရေးဘဏ် တွင် အိပ်ပျော်နေသော လုံခြုံရေးအစောင့် စစ်သားများကို လက်ပစ်ဗုံးဖြင့် ဝင်ရောက်ပစ်ခတ်ခြင်းဖြစ်ပြီး ဗုံးထိမှန်၍ စစ်သား ၅ ဦးသေဆုံးကာ ၁ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း မြင်းခြံ Zero ပျောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

“အိပ်နေကြတာ‌ကို အနီးကပ်ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခဲ့တယ်။ စစ်သား ၈ ယောက်ထဲက ၂‌ယောက်ကတော့ ကြောက်ကန် ကန်ပြီး ရမ်းသန်းပစ်လိုက်သေးတယ်။ သူပစ်တာနဲ့ ကျွန်တော်တို့ ပစ်တဲ့ဘက်နဲ့ တစ်ခြားစီပါပဲ ။ကိုယ်ဘက်ကတော့ အထိခိုက်မရှိခဲ့ဘူး။ မြို့ပေါ်က ဖရဲသီးတွေဆီ စုံစမ်းလိုက်တော့ ၅ယောက်သေတယ်၊ ၁ယောက်ကတော့ အခြေအနေဆိုးတဲ့ဒဏ်ရာရထားပြီး ပြန်ပစ်တဲ့သူနှစ်ယောက်ကတော့ မစိုးရိမ်ရဒဏ်ရာရှိတယ်လို့သိထားရတယ်”ဟုမြင်းခြံ Zero ပျောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုကို Zero ပျောက်ကျားတပ်ဖွဲ့၊True Fighterအဖွဲ့တို့‌ ပူပေါင်းပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- မြင်းမူမြို့နယ် မြို့မစျေးတွင် တွေ့ရသည့် စစ်တပ်ဘန်ကာနှင့်လုံခြုံရေးတဲ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article