33 C
Yangon

“စစ်ခွေး ရွေးကော် ဥက္ကဌ ကနီနယ်သား မျိုးဖျက်ကောင် သိန်းစိုးအလိုမရှိ” စာတန်း ကိုင်ဆောင်ကာ ကနီပြည်သူများ ချီတက် ဆန္ဒပြ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၁

ကနီမြို့နယ် ဒေသခံ ပြည်သူများ ဦးဆောင်ကာ “စစ်ခွေး ရွေးကော် ဥက္ကဌ ကနီနယ်သား မျိုးဖျက်ကောင် သိန်းစိုးအလိုမရှိ” စာတန်း ကိုင်ဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ကနီမြို့နယ်တွင် စခ ရွေးကောက်ပွဲကို သပိတ်မှောက်ရန်နှင့်
စခ ရွေးကော်ဥက္ကဌ တာဝန်ယူထားသောကနီနယ်သား သိန်းစိုး အား ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဆန္ဒပြပွဲ ဦးဆောင်သူများမှ စခများ ကျင်းပမည့် ရွေးကောက်ပွဲကို ပြည်သူများ သပိတ်မှောက်ကြရန်အရေးကြီးကြောင်း ၊ စခများ ကျင်းပမည့် ရွေးကောက်ပွဲတွင် ဥက္ကဋ္ဌ တာဝန်ယူထားသော သိန်းစိုး အား ဆန့်ကျင်ကြောင်း ဟောပြောခဲ့သည်ဟု သိရသည်။

ဒေသခံ ပြည်သူများက NUG အလံအား လွှင့်ထူကြပြီး ကနီမြို့နယ်သပိတ်စစ်ကြောင်း၊ စခ ရွေးကောက်ပွဲ သပိတ်မှောက်ကြ ၊ စခ ရွေးကော်ဥက္ကဌ ကနီ နယ်သား သိန်းစိုးအလိုမရှိ FUCK စသည့် ဘန်နာစာတမ်းများကိုင်
ဆောင်၍ စစ်အာဏာရှင်ဆန်ကျင်ရေး ကြွေးကြော်သံများ ကြွေး ကြော် ချီတတ် ဆန္ဒပြခဲ့ကာ ခေတ်အဆက်ဆက်နှင့် မြန်မာ့နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့သော ရဟန်းရှင်လူကျောင်းသားမိဘပြည်သူများအား အလေးပြုခြင်း၊ သွေးသစ္စာသီချင်းကို သံပြိုင်သီဆိုခြင်းများလည်း ပြု
လုပ်ခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article