23 C
Yangon

နိုဝင်ဘာလ ၈ ရက်နေ့ AA နှင့် တိုက်ပွဲများအတွင်း သေဆုံးသည့် စစ်သား ၁၀ ဦးတွင် ဗိုလ်ကြီးရှိုင်းသူအောင်ပါဝင်၊ အလောင်းပြန်မရသဖြင့် အသုဘမချနိုင်ဘဲ တရားနာအမျှဝေပွဲသာလုပ်နိုင်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၁

ရခိုင်ပြည်နယ်တွင် နိုဝင်ဘာလ ၈ ရက်နေ့ ဖြစ်ပွားခဲ့သော AA နှင့် အကြမ်းဖက်စစ်ကောင်စီတိုက်ပွဲများတွင် သေဆုံးခဲ့သည့် စစ်သား ၁၀ ဦးအနက်တွင် မိတ္တီလာမှ ဗိုလ်ကြီး ရှိုင်းသူအောင်ပါ သေဆုံးသွားပြီး အလောင်းပြန်မရသဖြင့် မိသားစုက တရားနာ အမျှဝေပွဲသာ လုပ်နိုင်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ မိတ္တဗလရပ်ကွက်ရှိ ဗိုလ်ကြီးရှိုင်းသူအောင်၏ မိဘနေအိမ်တွက် တရားနာအမျှဝေပွဲ ပြုလုပ်မည်ဖြစ်ပြီး သေဆုံးသွားသော ဗိုလ်ကြီးရှိုင်းသူအောင်သည် အသက် ၃၁ နှစ်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

” သူ့တပ်ရင်းတော့မသိဘူး။ ရခိုင်ဘက်တာဝန်နဲ့ပြောင်းသွားတယ်။ နိုဝင်ဘာလ ၇ ရက်နေ့ည လပြည့်နေ့ ည ၁၂ နာရီလောက် သူ့အဖေနဲ့ သူက ဖုန်းပြောသေးတယ်။ အဲဒါ သူက အဖေရေ သေနတ်သံတွေကြားတယ် ပြီးမှ ပြန်ခေါ်မယ်ဆိုပြီး ဖုန်းချသွားတာ။ အဲဒီကတည်းက အဆက်အသွယ်မရတော့ဘဲ သေသွားတာ။ နိုဝင်ဘာ ၈ ရက်နေ့ တိုက်ပွဲတွေဖြစ်တော့ အဲဒီမှာ သေတာ” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

နိုဝင်ဘာလ ၈ ရက်နေ့ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်၀တွင် တစ်နေ့တည်း တိုက်ပွဲ ၅ နေရာဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၁၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်း ဆည်းရမိကြောင်း ရခိုင်တပ်တော် AA က နိုဝင်ဘာလ ၉ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article