ရန်ကုန်၊နိုဝင်ဘာ ၁၁
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တန့်ဆည်PDF ပူး ပေါင်း တပ်တို့ ယနေ့ နိုဝင်ဘာလ၁၁ရက် တစ်ရက်အတွင်း ထိတွေ့တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တန့်ဆည်PDFသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်အင်အား ၁၅၀ ခန့်ရှိသော ခမရ ၃၆၈ တပ်နှင့် ပျူစောထီးများသည် ကံထူးမစံပြရွာမှ ရေရှင်ကုန်းရွာအနီးသို့ စစ်ကြောင်းထိုးလာစဉ် ယနေ့နံနက် ၈နာရီခန့်တွင် ရွှေဘိုခရိုင် တပ်ရင်း ၂၅ TPCနှင့် တန့်ဆည်မြို့နယ် (ပကဖ)တို့က လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် မီတာ ၃၀၊ ၄၀အတွင်း အနီးကပ်ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ် ပြန်သည်။
ထို့နောက် တန့်ဆည်-ကံထူးမလမ်းတလျှောက် ဆက်လက်စစ်ကြောင်းထိုးလာ စစ်ကောင်စီတပ်ကို တောင်ပို့ရင်းတံတားမှ သပြေရင်းရွာအထိ တန့်ဆည်PDF ရွှေဘိုခရိုင် တပ်ရင်း(၆)၊ တပ်ရင်း(၇)နှင့် တပ်ရင်း(၂၆) Taze Tiger ပူးပေါင်းတပ်ဖွဲ့က လိုက်လံတိုက်ခိုက်ခဲ့ရာ နှစ်နာရီခန့်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်ကျဆုံးမှု များခဲ့ကြောင်း တန့်ဆည်PDFထံမှ သိရသည်။
အဆိုပါ စစ်ကောင်စီတပ်သည် သပြေရင်းရွာတွင် တစ်ထောက်နား၍ တန့်ဆည်မြို့ဘက်သို့ ထွက်ခွာလာစဉ် ဝရငယ်မူးဘောင်အနီးတွင် ညနေ၆နာရီ၌ ပဒေသာမိုင်း ၄ လုံးမိပြီး တိုက်ပွဲဖြစ်ပွားရာ ၆ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲများအပြီးတွင် သေဆုံး၊ဒဏ်ရာရ စစ်ကောင်စီတပ်သားများကို ပုဆိုးများဖြင့် ထမ်းပိုးပြီး တန့်ဆည်မြို့ဘက်သို့ သယ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။
အလားတူ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ထပက (မ)ရွာ တောတိုက်နေအိမ်များ၊ ဘုရားကုန်းများတွင် အကြမ်းဖက်ဝင်ရောက် ရမ်းကားနေသော ဖလကစစ်စခန်းအတွင်းမှ စစ်သားများကို Regional Defense Force – Pauk (RDF) တပ်ဖွဲ့နှင့် ရပ်ကျေးကာကွယ်ရေးအဖွဲ့များ ပူးကောင်းကာ ၆၀ မမ၊ ၈၀မမ၊ ၁၂၀မမများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ အပြန်အလှန် ပစ်ခတ်မှု ၄၅ မိနစ်ကြာ ဖြစ်ပွားခဲ့ကြောင်း၊ စစ်သား အသေ အဆုံးအထိ အခိုက် များနိုင်ကြောင်း Regional Defense Force – Pauk (RDF) အဖွဲ့ထံမှ သိရှိရသည်။
ထို့ပြင် နိုဝင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း၊ အုတ် ဖိုမြို့နယ်၊ ကြို့ကိုးပင်ရွာမှ ဆက်ကြေးကောက်၍ ပြန်လာသော စစ်ကြောင်းကို ကြို့ကိုးပင်ရွာနှင့် ဝိုင်းရွာ အကြားတွင် သာယာဝတီခရိုင် PDF က မိုင်းဆွဲ တိုက် ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ဦး နေရာ၌ ပွဲချင်းပြီးသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ပဲခူး PDF တပ်ဖွဲ့ထံမှ သိရှိရသည်။
ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။