25 C
Yangon

မြန်မာ့ အကျပ်အတည်းက ကပ်ဘေးဆိုးကြီး အဖြစ်သို့ သက်ဆင်းနေပြီဟု ကုလ အတွင်းရေးမှူးချုပ် ထပ်မံ သတိပေး၊ နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးပြီး အားလုံးပါဝင်သည့် ဆွေးနွေးမှုများ စတင်ရန် စစ်တပ်ကို တိုက်တွန်း

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၁

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသော အကျပ်အတည်းများသည် ကပ်ဘေးဆိုးကြီးတစ်ခုအဖြစ် သို့ သက်ဆင်းနေပြီဖြစ်ကြောင်း ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်က အာဆီယံ ထိပ်သီးအစည်းအဝေးတွင် သတိ ပေးပြောဆိုကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်သည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သော အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ကုလသမဂ္ဂ ထွေ ထွေအတွင်းရေး မှူးချုပ်က မြန်မာ့နိုင်ငံရေး၊ လုံခြုံရေး၊ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှု အခြေအနေက တဖြည်း ဖြည်း ကပ်ဆိုးကြီးထဲသို့ နက်နက်နဲနဲ ဆင်းသက်နေကြောင်း သတိပေးပြော ဆိုခြင်းဖြစ်သည်။

အကြမ်းဖက်မှု မြင့်တက်လာခြင်း၊ အင်အားအလွန်အကျွံ့အသုံးပြုခြင်း၊ လူ့အခွင့် အရေးချိုးဖောက်မှုများကို ရှုတ်ချကြောင်း၊ အရပ်သားများအပေါ် တိုက်ခိုက်မှုများသည် နိုင်ငံတကာဥပဒေအရ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီအနေဖြင့် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အားလုံး ပါဝင်နိုင်သည့် ဆွေးနွေးမှုများ စတင်ရန်တိုက်တွန်းလိုက်ပြီး တွေ့ဆုံဆွေးနွေးရေးသည်သာ နိုင်ငံပြန်လည် တည်ငြိမ်ရေးနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ် တက်ရေး လမ်းကြောင်းဖြစ်သည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article