26.8 C
Yangon

Breaking News- ကျိုက်မရော၊ ချောင်းနှစ်ခွ ရဲစခန်း နှင့်တံတားဂိတ်ကို KNLA နှင့် PDF ပူးပေါင်းတပ်များ သိမ်းပိုက်ပြီး မီးရှို့ရှင်းလင်း၊ ရဲများသေဆုံးပြီး အရှင်ဖမ်းမိသူများလည်းရှိကာ စစ်တပ်က လေကြောင်းဖြင့်တိုက်ခိုက်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၂

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာရှိ ရဲစခန်းနှင့် တံတားလုံခြုံရေးဂိတ်ကို KNLA နှင့် PDF ပူးပေါင်းတပ်များက ယနေ့ နံနက်ပိုင်း တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စခန်းနှင့်ဂိတ်ကို မီးရှို့ရှင်းလင်းလိုက်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်မှ နံနက် ၆ နာရီ ၃၀ မိနစ်အထိ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွတံတားနှငိ့ရဲစခန်းအား KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲများ ဝင်ရောက်စီးနင်းတိုက်ခိုက်၍ ရဲစခန်းကို မီးရှို့ရှင်းလင်းလိုက်ကြောင်း၊ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း၊ ပြည်သူ ၁၀၀၀ ကျော် ပိတ်မိနေကြောင်း သိရှိရသည်။

“မနက် ၇ နာရီ ၂၀ မိနစ်မှာ စစ်ရဟတ်ယာဉ် ၂ စီးနဲ့ ချောင်းနှစ်ခွကျေးရွာကို ဗုံးကျဲနေပါတယ်။ ရဲစခန်းကို တက်သိမ်းလိုက်တယ်။ ချောင်းနှစ်ခွတံတားဂိတ်ကိုလည်း ရှင်းလင်းလိုက်တယ်လို့သိရပါတယ်။ အခုလောလောဆယ် ရွာသား ၁၀၀၀ ကျော်လောက်လည်း ပိတ်မိနေလို့ အခုတော့ ဘေးလွတ်ရာရွှေ့ကြပြီပြောတယ်။ လောလောဆယ်သိရသလောက် ရဲ၂ ကောင်ကျတယ်။ ၄ ကောင် အရှင်မိတယ်လို့ပြောတယ်။ အတည်မပြုနိုင်သေးဘူး။ တိုက်ပွဲတွေဖြစ်နေလို့” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

လက်ရှိ သတင်းရေးသားသည့်အချိန်အထိ စစ်တပ်က ရဟတ်ယာဉ်ဖြင့် ဗုံးကျဲ ပစ်ခတ်မှုများရှိနေပြီး လက်နက်ကြီးများဖြင့်လည်း ရမ်းသမ်းပစ်ခတ်မှုများရှိနေကြောင်း သိရှိရသည်။

ယခုနှစ် မတ်လ ၁၉ ရက်၊ ဧပြီ ၁၆ ရက်နေ့၊ ဇွန်လ ၁၄ ရက်နေ့ကလည်း ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ တံတားဂိတ်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်းသေဆုံးခဲ့သည်။

ဓာတ်ပုံ- ချောင်းနှစ်ခွတံတား လုံခြုံရေးဂိတ်မြင်ကွင်း။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article