25 C
Yangon

ပေါက်မြို့နယ်တရားရုံးသို့ အချုပ်သားများ ရုံးထုတ်လာစဉ် လက်ပစ်ဗုံးဖြင့် ပစ်ခတ်မှု ရဲ ၁ ဦးသေဆုံး၊ ဗဟန်းရဲစန်း ဂိတ်ကို ပစ်ခတ်တိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၂

မကွေးတိုင်း၊ ပေါက်မြို့နယ် တရားရုံးသို့ အချုပ်သားများ ရုံးထုတ်လာစဉ် လုံခြုံရေးလိုက်လာသော ရဲတပ်ဖွဲ့ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ရဲ ၁ ဦးသေဆုံးကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန် မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း-၁ က ပေါက်မြို့ပေါ်တရားရုံးတွင် အချုပ်သားများကို ရုံးထုတ်လာစဉ် အချုပ်ကားဘေးရှိ ရဲများကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ရာ ရဲ ၁ ဦး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဗိုလ်လင်္ကျာတို့အဖွဲ့က လုပ်တာပါ။ အဲဒီနေ့က တိုက်ခိုက်မှုက ၁ ယောက်သေပါတယ်။ ၂ ဦး ဒဏ်ရာရပါတယ်။ ဒါတောင် သေနတ်ကျည်ညှပ်သွားလို့ပါ” ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အလားတူ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီအချိန် မြိုင်မြို့နယ်၊ ဗဟင်းရဲစခန်း လုံခြုံရေးဂိတ်ရှိ ရဲ ၄ ဦးကို တိုက်မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိက်ရာ ရဲ ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကြောင်း၊ရဲတစ်ဦးမှာ ကြောက်အား လန့်အားဖြင့် ရမ်းသမ်းပစ်ခတ်ပြီး စခန်းထဲဝင်ပြေးသွားကြောင်း ၊ အဆိုပါ တိုက်ခိုက်မှုကို ရပ်ကျေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- မန္တလေးတွင် ယခုရက်ပိုင်းအတွင်း ဗုံးခွဲတိုက်ခိုက်ခံရသော အချုပ်ကားတစ်စီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article