ရန်ကုန်၊ နိုဝင်ဘာ ၁၂
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အိမ်ခြေ နှစ်ထောင်ကျော်ရှိသော ပရိမ္မရွာကို အကြမ်းဖက် စစ်တပ်က မီးတင်ရှို့နေကြောင်း ဒေသခံများထံမှ သိရသည်။
နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ်က ပရိမ္မရွာကို ဝင်ရောက် စီးနင်းပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီနေခြင်း ဖြစ်ကြောင်းသိရသည်။
” မြောင်နယ် ပရိမ္မ ကို အခုမီးရှို့ခံနေရတယ်။ အိမ်ပေါင်းနှစ်ထောင်ကျော် သုံးထောင် နီးပါးထိရှိပါတယ်။ ဒေသခံ ပြည်သူတွေကတော့ မနေ့ကတည်းက စစ်တပ်လာမယ်သတင်းရလို့ ပြေးနေရတာပါတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် နိုဝင်ဘာလ ၁၁ ရက်နေ့ကလည်း မြောင်မြို့နယ် အတွင်းရှိ မြစ်ဆုံ၊ မြစ်သာ၊ ဆူးလေကုန်းနှင့် ကျွန်းတဲ ရွာများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ နိုဝင်ဘာလ ၇ ရက်နေ့မှစတင်ပြီး မြောင်မြို့နယ်တစ်ခုလုံးကို စစ်ကြောင်းထိုးလျက်ရှိကြောင်း၊ ပြည်သူများသောင်းချီ၍ ထွက်ပြေးတိမ်း ရှောင်နေရကြောင်း သိရှိရသည်။