ရန်ကုန်၊ နိုဝင်ဘာ ၁၂
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ်အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို သံဃာတော်များက “အာဏာရှင်လက်အောက်က မလွတ်သေးတာသိရင် ငါတို့သွေးအေးနေလို့မဖြစ်ဘူးဆိုတာလည်း လုံးဝမေ့မနေကြနဲ့” ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။