ရန်ကုန်၊ နိုဝင်ဘာ ၁၂
ရန်ကုန်၊ ခရမ်းမြို့နယ်၊ ဒေးပေါက်ရွာရှိ အကြမ်းဖက် စစ်တပ် သတင်းပေး ဝင်းနိုင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။
နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်တွင် အကြမ်းဖက် စစ်တပ် သတင်းပေး ဝင်းနိုင်ကို အမည်မသိ သေနတ် သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံး သွားကြောင်း သိရသည်။
စစ်တပ် သတင်းပေး ဝင်းနိုင်သည် သေနတ်ကျည် အများအပြား ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးကာ လက်ရှိချိန်တွင် ခရမ်းမြို့ရှိ ရင်ခွဲရုံသို့ အလောင်း ရောက်ရှိနေကြောင်း သိရသည်။
သေဆုံးသူ ဝင်းနိုင်သည် ဒေးပေါက်ကျွေးရွာရှိ စာသင်ကျောင်း၌ ကျောင်းစောင့်လုပ်ကိုင်ပြီး စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြလူငယ်များ၊ ကျေးရွာအတွင်းရှိ အပြစ်မဲ့လူငယ်များ၊ PDF များနှင့် ပတ်သက်ဆက်နွယ်သူများကို အကြမ်းဖက် စစ်တပ်အား နေ့စဥ်သတင်းပေးနေသူ ဖြစ်ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။