ရန်ကုန်၊ နိုဝင်ဘာ ၁၂
ရန်ကုန်တွင် ရန်ကုန်လူထုသပိတ်မှ “FAIL LAW” Strike လှုပ်ရှားမှုအဖြစ် ယခုအပတ်တွင် စတင်ခဲ့ပြီး တော်လှန်လူငယ် Demon မှ ထို “FAIL LAW” လှုပ်ရှားမှုကိုပါဝင်သောအားဖြင့် ယနေ့ နိုဝင်ဘာ ၁၂ တွင လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ ပြည်သူလုထုအသုံးများသည့် မြို့တွင်းပတ် ခရီးသွား Bus ကားပေါ်တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ “FAIL LAW” လှုပ်ရှားမှုတွင် ပြည်သူများ ပါဝင်နိုင်ကြောင်း သိရှိရသည်။
FAILED LAW လှုပ်ရှားမှုမှာ ပါဝင်လိုပါက- ၁ ၁ – စာရွက်အပိုင်းအစလေးတစ်ခုပေါ်တွင် မှင်အနီနှင့် FAILED LAW လို ရေးလိုက်ပါ။
၂ – အဆိုပါ စာရွက်အပိုင်းကို ပုံမှာပြထားသလိုကိုင်ပြီး ဓာတ်ပုံရိုက်ပေးပါ။
အဆို “FAIL LAW” လှုပ်ရှားမှုပြုလုပ်ရာတွင် နောက်ခံရှုခင်းကို တရားရုံး၊ရဲစခန်း၊အစိုးရရုံးဌာနတွေ၊ အကျင့်ပျက်ဝန်ထမ်းတွေ ဥပဒေမဲ့ပုံရပ်များ ထားနိုင်ရင် ပိုကောင်းကြောင်း၊ အဆင်မပြေလျှင်လည်း ကောင်ကင်ကြီးနှင့် တိမ်များကိုသာ နောက်ခံထားရိုက်နိုင်ကြောင်းနှင့် ဆေးမှုတ်ခြင်း၊ ဘန်နာချိတ်ခြင်းတို့လည်း ပြုလုပ်နိုင်ကြောင်း ရန်ကုန်လူထုသပိတ်ထံမှ သိရှိရသည်။
Post တင်သည့်အခါ hashtag အနေနှင့် #FailedLaw အပြင် တရားမျှတမှုနှင့် ဆိုင်သည့် နိုင်ငံတကာအဖွဲအစည်းများ ဖြစ်သည့်
Failedlaw #InternationalCriminalCourt #UnitedNation #Unicief #MinistaryofHumanRight
Whathappeninmyanmar တို့ကို tag တွဲနိုင်ကြောင်း ၊ အဆိုပါ လှုပ်ရှားမှုကို ရက်အကန့်အသတ်မရှိဘဲ တိုင်းပြည်တွင်
တရားဥပဒေပျက်စီးနေသရွေ့တရားမျှတမှု ဆိတ်သုဥ်းနေသရွေ့ FAILED LAW လှုပ်ရှားမှုက အသက်ဝင်ကြောင်း ၊ Sticker မူရင်းပုံကို
https://drive.google.com/folderview?id=182fzOhvBdAZCEkSMMaiMJNu23bAC7bSm တွင် download ရယူနိုင်မည် ဖြစ်သည်။