32 C
Yangon

ရန်ကုန်မြို့လယ်ခေါင် သိမ်ဖြူလမ်း၊ စစ်တပ်ကင်းပုန်းနှင့် လှည့်ကင်းများ မပြတ် ရှိနေသည့်နေရာတွင် Ye Min Aung ငွေလဲစင်တာ ဓားပြတိုက်ခံရပြီး သိန်းရာချီ ပါသွား

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၂

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သိမ်ဖြူလမ်းမီးပွိုင့်ထိပ်အနီး စစ်တပ်ကင်းပုန်းနှင့် လှည့်ကင်းများရှေ့တွင်ပင် Ye Min Aung ငွေလဲစင်တာ ဓားပြတိုက်ခံရပြီး သိန်းရာချီ ပါသွားကြောင်း ရန်ကုန်မြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေ ၄ နာရီကျော်အျိန် မင်္ဂလာတောင်ညွန့်မြိုနယ်၊ ဖို့မြေရပ်ကွက်၊ သိမ်ဖြူလမ်း၊ရှိ Ye Min Aung Money Changer ကို လူတချို့က ဝင်ရောက်လုယက်သွားကြောင်း၊ သေနတ်ဖြင့် ခြိမ်းခြောက် ငွေကျပ် သိန်း ၂၅၀ နီးပါး လုယက်သွားကြောင်း ၊ ဓားပြတိုက်မှုဖြစ်ပွားချိန်တွင် ဆိုင်အတွင်း ဝန်ထမ်းများ ရှိနေကြပြီး အပြင်ဘက်တွင်လည်း ပြည်သူများ၊ လမ်းသွားလမ်းလာများရှိနေကြောင်း၊ ထူးခြားချက်မှာ သိမ်ဖြူမီးပွိုင့်ထိပ်တွင် ယာဉ်ထိန်းရဲကင်း ဗုံးခွဲခံရမည်စိုးရိမ်၍ ကင်းပုန်းများ ချထားကြောင်း၊ သိမ်ဖြူလမ်းတစ်လျှောက်တွင်လည်း အိမ်စီးကားများ၊ စစ်ကား၊ ရဲကားများဖြင့် ပုံမှန် ကင်းလှည့်လေ့ရှိကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

“ဓားပြတိုက်ခံရတဲ့နေရာနဲ့ ကင်းပုန်းတွေရှိတဲ့နေရာနဲ့ က ခပ်လှမ်းလှမ်းပဲ။ နောက်ပြီး သိမ်ဖြူလမ်းဆိုတာ အမြဲ အိမ်စီးကားရော၊ ရဲကား၊ စစ်ကား လှည့်နေတာ။ မပြတ်ဘူး။ လူတွေကလည်းရှိနေတာပဲ။ ပြောချင်တာက ဓားပြတိုက်တဲ့သူက တကယ့်ကို ရဲမှ ရဲတဲ့လူတွေ။ လူတွေ ထိခိုက်တာမရှိဘူး။ ငွေကတော့ ကျနော်တို့ကြားတာ သိန်း ၂၀၀ လည်းပြောတယ်၊ သိန်း ၂၅၀ လည်းပြောတယ်။ အတိအကျမသိဘူး။ ဒီလောက်မြို့လယ်ခေါင် ကင်းပုန်းနဲ့ လုံခြုံရေးတွေ ရှိတဲ့အထဲမှာ ဓားပြတိုက်တာဆိုတော့ ဘယ်သူ့လက်ချက်လဲဆိုတာ စဉ်းစားစရာပေါ့” ဟု သိမ်ဖြူလမ်းအနီးတွင် နေထိုင်သော ရန်ကုန်မြို့ခံကဆိုသည်။

ဓားပြတိုက်သည့်နေရာနှင့် လမ်းတစ်လျှောက်တွင် စစ်ကောင်စီက CCTV အများအပြား တပ်ဆင်ထားကြောင်း၊ ထို့ကြောင့် ပြင်ပမှ ဓားပြဆိုလျှင်စီးနင်းသော ကားအခြေအနေနှင့်အဝင်အထွက်ကိုကြည့်၍ ချက်ချင်း ဖမ်းနိုင်ကြောင်း ၊ လက်ရှိ အချိန်အထိ ဖမ်းမိသေးဟု သိရှိရသည့်အတွက် စဉ်းစားစရာဖြစ်သည်ဟု ရန်ကုန်မြို့ခံတချို့က ပြောဆိုကြသည်။

ဓာတ်ပုံ- ဓားပြတိုက်ခံရသည့် ငွေလဲစင်တာ။

Photo-CJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article