ရန်ကုန်၊ နိုဝင်ဘာ ၁၃
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ချောင်းနှစ်ခွရဲစခန်းကို KNLAနှင့်နဂါးနီစစ်ကြောင်းတို့က နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်း ပူးပေါင်းတိုက်ခိုက်ပြီး အရှင်ဖမ်းမိသော ရဲ ၄ ဦးနှင့် လက်နက် ၇ လက်၊ ခဲယမ်းများ သိမ်းဆည်းရ မိကြောင်း နဂါနီးစစ်ကြောင်း က ထုတ်ပြလိုက်သည်။
ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရဲစခန်းကို KNLAပူးပေါင်းတပ်ဖွဲ့နှင့် နဂါးနီစစ်ကြောင်းတို့ တိုက်ခိုက်ခဲ့ပြီး ရဲ၃ဦး သေဆုံးကြောင်း၊ ရဲ၂ ဦးထွက်ပြေးပြီး ရဲ ၄ ဦး အရှင်ဖမ်းမိခဲ့ကာ လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
ကျိုက်မရောမြို့နယ်၊ချောင်းနှစ်ခွရဲစခန်းကို နိုဝင်ဘာ ၁၂ရက်နေ့ မနက် ၆နာရီအချိန်တွင် KNLA ပူးပေါင်းတပ်ဖွဲ့နှင့် နဂါးနီစစ်ကြောင်းမှ ရဲဘော်များ ပူးပေါင်းတိုက်ခိုက်ခဲ့ရာတွင် စခန်းမှူး လှကျော်ဦး၊ဒုတပ်ကြပ် စိုးငြိမ်းဦး၊တပ်သား အောင်နန်းဇွန်တို့ သေဆုံးပြီး၊ရဲဘော်တလာကိုနှင့်ဒုရဲအုပ်နန္ဒစိုးတို့ထွက်ပြေးကြောင်း၊
တပ်ကြပ်ကြီး အေးကို၊ရဲတပ်သား လွင်ကိုဟိန်း၊ဒုတပ်ကြပ် မျိုးအေး၊ရဲတပ်သား ကိုလင်းတို့ကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
တိုက်ပွဲဖြစ်ပွားပြီးချိန်တွင် AK 47တစ်လက်၊M16 ၄လက်၊G3 တစ်လက်၊၆၀ မမပြောင်းတို တစ်လက်၊ရှေ့ထွက်မိုင်း ၂လုံး၊AK 47 ကျည် ၂၀၀၊M16 ကျည် ၅၀၀၊G3 ကျည် ၃၀၀၊၆၀မမကျည် ၁၀လုံးကို သိမ်းဆည်းရမိခဲ့သည်ဟု သိရှိရသည်။
တိုက်ပွဲဖြစ်ပြီးချိန်တွင် စစ်ကောင်စီက လေယာဥ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီး KNLA ပူးပေါင်းတပ်ဖွဲ့နှင့် နဂါးနီစစ်ကြောင်းမှ ရဲဘော်များ အထိအခိုက်မရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ထိုသို့ လေယာဥ်ဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြည်သူ့နေအိမ်နှင့်အဆောက်အဦးများ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။
ပြည်သူများအနေဖြင့် နဂါနီးစစ်ကြောင်းကို ထောက်ပံ့ကူညီမှုများ လုပ်ဆောင်လိုပါက https://www.facebook.com/profile.php?id=100084537667539 တွင် ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။