ရန်ကုန်၊ နိုဝင်ဘာ ၁၃
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ကြောင်လက်သည်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့၏ ကား ၂ စီး၊ ဆိုင်ကယ် ၄ စီးနှင့် စိန်ပြောင်း ၂ လက်ကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားသဖြင့် ပြည်သူများ ကူညီကြရန် အဆိုပါအဖွဲ့မှ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၂ ရက်နေ့ ဝက်လက်မြို့နယ်၊ ရေသောက်ကန်နှင့် ပေါက်ကန်ရွာကြားတွင် စစ်ကြောင်းထိုးနေသော စစ်တပ်နှင့် ကြောင်လက်သည်း ပြည်သူ့ကာကွယ်ရေးတပ်တို့ ထိပ်တိုက်တွေ့ဆုံ အပြန်အလှန်ပစ်ခတ်ကြကြောင်း၊ လက်နက်အင်အားလူအင်အား မမျှတသဖြင့် ရဲဘော်များအထိအခိုက်မရှိပြန် လည်ဆုတ်ခွာနိုင်ခဲ့သော်လည်း တိုက်ပွဲတွင်းအသုံးပြုနေသော အဖွဲ့ပိုင် ကား၂စီးနှင့်ဆိုင်ကယ်၄စီး မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရကြောင်း အဖွဲ့တာဝန်ခံက ပြောသည်။
“ထိပ်တိုက်တွေ့တော့ ပြန်ဆုတ်တဲ့အချိန်မှာ ကား ၂ စီးနဲ့ ဆိုင်ကယ် ၄ စီး မီးရှို့ခံရတာ။ စိန်ပြောင်း ၂ လက်နဲ့ ကျည်တွေပါသွားတယ်။ ရဲဘော်တွေ အထိအခိုက် မရှိပါဘူး။ ဆုံးရှုံးမှု တန်ဖိုးက သိန်း ၂၀၀ လောက်ရှိပါတယ်” ဟု အဖွဲ့တာဝန်ခံကပြော သည်။
ပြည်သူများအနေဖြင့် အဖွဲ့ကို ကူညီကြရန် နှိုးဆော်ထားပြီး https://www.facebook.com/profile.php?id=100087166511555 မှ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အဖွဲ့တာဝန်ခံက ပြောဆိုသည်။