ရန်ကုန်၊ နိုဝင်ဘာ ၁၃
ကနေဒါနိုင်ငံ British Columbia ပြည်နယ် ဗန်ကူးဗား မြို့ BCIT Telus Theatre Burnaby Campus တွင် ဒါရိုက်တာ ကိုပေါက် ရိုက်ကူးထားသည့် “မသောက်မိသော မိုးခါးရေ” ဇာတ်ကား ဆက်လက် ပြသနေပြီး ရုံပြည့် ရုံလျှံအားပေးသောကြောင့် ၂ ချိန်ခွဲ၍ ပြသနေရကြောင်း သိရသည်။
မသောက်မိသောမိုးခါးရေ ဇာတ်ကားကို 2021 Burmese Action Group Vancouver အဖွဲ့မှ ဦးဆောင်၍ နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီမှ ညနေ ၇ နာရီ ၃၀ မိနစ် အထိ ရုံပြည့် ရုံလျှံ ကြည့်ရှု့သူ များပြားသောကြောင့် ပွဲချိန် ၂ ချိန်ခွဲ၍ ပြသနေရကြောင်း သိရသည်။
ရုပ်ရှင်ပြသမှုကို Vancouver နှင့် Greater Vancouver အနီးတဝိုက်တွင် နေထိုင်ကြသော လူဦးရေ ၄၀၀ ကျော်ခန့်ရှိ သည့် မြန်မာပြည်ဖွားတိုင်းရင်းသားမိသားစုများက တခဲနက် တက် ရောက် အားပေးကြည့်ရှု့ခဲ့ပြီး ရုပ်ရှင်ပြပွဲတွင် ရန်ပုံငွေ တီရှပ်များ အမှတ်တရပစည်းများ ကိုရောင်းချပေးခဲ့ကြောင်း၊ ရရှိထားသော ရန်ပုံငွေအလှူငွေများကို မြန်မာနိုင်ငံအနှံ့ အရေးပေါ်လိုအပ်နေသည့်နေသည့်နေရာများသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ( MOD) မှတဆင့် ညှိနှိုင်းပြီး အမြန်ဆုံး ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။