23 C
Yangon

ကန့်ဘလူတွင် ကျေးရွာများကို မီးရှို့နေသည့် စစ် ကြောင်း များ မိုင်းဆွဲခံရပြီး စစ်သား ၄၀ဦးခန့် သေဆုံးနိုင်၊ ရွှေဘိုတွင်လည်း စစ်ကောင်စီတပ်သားများ ပစ်ခတ်တိုက်ခိုက်ခံရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၃

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ အင်းမရွာနှင့် ပင့်သာရွာကို မီးရှို့ဖျက်ဆီးနေသော စစ်သားများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၄၀ ဦးခန့်သေဆုံးနိုင်ကြောင်း ​ဒေသကာကွယ်​ရေးတပ်များနှင့် ​ဒေသခံများထံမှ သိရှိရသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ၂ ကြောင်းသည် အင်းမရွာနှင့် ပင့်သာရွာကို ဝင်ရောက်စီးနင်းစဥ် မိုင်းဆွဲ တိုက်ခိုက်ခံရခြင်းဖြစ်ပြီး စစ်သား ၄၀ ဦးခန့် သေဆုံးမှု ရှိကြောင်း သိရသည်။

အင်းမရွာကို ဝင်ရောက်စီးနင်းသော စစ်သားများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး အထိနာသဖြင့် အင်းမရွာကိုလည်း ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ပင့်သာရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက် စစ်သားများလည်း ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

” အင်းမရွာက မနေ့က ဖြစ်တာ။ မနက် ၉ နာရီလောက် မိုင်းဆွဲခံရတာ ထိခိုက် သေဆုံး စုစုပေါင်း ၆၀ လောက်လို့ကြားတယ်။ မနေ့က ​နေ့လယ် ၁ နာရီလောက်မှာ စစ်တပ်အထိနာလို့ ရွာကို မီးစရှို့တာ။ ဒီနေ့ တစ်မနက်လုံးရှို့နေတာပဲ။ တစ်ရွာလုံးမရှိတော့ဘူး။ ပြာကျသွားပြီ။ ပင့်သာမှာ မိုင်းဆွဲ ခံရတာလည်း ၂ ဦးတော့သေတယ်။ အင်းမ ရွာထဲက ဒဏ်ရာရတဲ့ စစ်ခွေးတွေလောက်ပဲ သယ်နိုင်မှာ သေတဲ့ဟာတွေတော့ မီးရှို့လောက်တယ်။ ဒီမနက်က မီးခိုးတော့ မြင်လိုက်ရတယ်။ ကျွန်တော်တို့ လှမ်းကြည့်တဲ့ နေရာက ၂ မိုင်လောက်ဝေးတော့ သေချာတော့ မတွေ့လိုက်ရဘူး။ မြေပြင်တိုက်ပွဲကတော့ ရှိဦးမယ်။ ခွေးတွေကလည်း အကုန်မပြန်သေးဘူး။ အခုက ပင့်သာရွာမှာမရှိတော့ဘူး။ ပင့်သာနဲ့ အင်းမက စစ်ခွေးတွေ ပြန်ပေါင်းနေတာ အင်းမ ဘုန်းကြီးကျောင်း အနောက်ဘက်မှာ အခုတပ်စွဲထားတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ကား ၁ စီး ပစ်ခတ် တိုက်ခိုက်ခံရကြောင်း သိရသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ရွှေဘို အကျဉ်းဦးစီးမှ စစ်ကောင်စီ တပ်သား ၄ ဦး လိုက်ပါလာသည့် အိမ်စီးကားကို ရွှေဘို-ကျောက်မြောင်း လမ်းပိုင်းတွင် ဒေသ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို အမှတ်(၅) တပ်ရင်း၊ တပ်ခွဲ (၂)၊ တပ်စု (၁)၊ တပ်စိတ် (၂) မှ ရဲဘော် ထက်မြတ် (တပ်စိတ်မှူး) ဦးဆောင်ပြီး အင်အား ၈ ဦးဖြင့် တိုက်ခိုက်ခြင်းဖြစ်​ကြောင်း၊နေလစင်္ကြာShwebo PDFအဖွဲ့င ကင်းပုန်းဝပ်ပြီး စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ရန် ပြုလုပ်နေစဥ် မိုင်းကွင်းအတွင်း၌ ပြည်သူ့ နွားလှည်းများ ရောက်ရှိ နေသောကြောင့် မိုင်းဆွဲလိုက်နိုင်ခြင်း မရှိဘဲ လက်နက်ငယ်ဖြင့်သာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့​ကြောင်း၊ ရဲ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း နေလစင်္ကြာ-Shwebo PDF က ထုတ်ပြန်ထားသည်။

Photo – အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အထူးကွန်မန်ဒို တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article