ရန်ကုန်၊ နိုဝင်ဘာ ၁၃
ရန်ကုန်မြို့လယ်ခေါင်တွင် “တော်လှန်မျိုးဆက် ပုန်ကန်ရုန်းထွက်” ဟူသည့် စစ်အာဏာရှင် ဆန့်ကျင်ရေး စာသား ကို တက်ကြွလှုပ်ရှားသူ လူငယ်များက ယနေ့ ချိတ်ဆွဲကြသည်။
သာကေတမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) မှ ဦးဆောင်၍ အထက၂ သာကေတကျောင်းသားများသမဂ္ဂ(ဗကသ)၊အထက ၃ သာကေတကျောင်းသားများသမဂ္ဂ(ဗကသ) နှင့် သာကေတအခြေခံပညာကျောင်းသားများသပိတ်ကော်မတီတို့ပူးပေါင်းပြီး “တော်လှန်မျိုးဆက် ပုန်ကန်ရုန်းထွက်” စာသားပါဘန်နာအား ချိတ်ဆွဲ၍ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားကြခြင်းဖြစ်ကြောင်း သိရှိရသည်။