25 C
Yangon

ရန်ကုန်တွင် တော်လှန်လူငယ်များက အာဏာရှင် ဆန့်ကျင်ရေးစာတန်းများ ရေးဆွဲထားသည့် ထမီနှင့် ပုဆိုးများဝတ်ဆင်ကာ လူထုလှုံ့ဆော်မှု ပြုလုပ်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၃

ရန်ကုန်မြို့ရှိ နေရာ အနှံ့အပြားတွင် တော်လှန်လူငယ်များက အာဏာရှင် ဆန့်ကျင်ရေး စာတန်းများ ရေးဆွဲထားသော ထမီနှင့် ပုဆိုးများဝတ်ဆင်ကာ လူထု လှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံ မြို့ပြဒေသများရှိ အများပြည်သူအနေဖြင့် ၎င်းတို့အား နည်းမျိုးစုံဖြင့် ဖိနှိပ်ချုပ်ချယ်ကာ ရက်ရက်စက်စက် အနိုင်ကျင့်အုပ်ချုပ်ရန် ကြိုးပမ်းနေသော အကြမ်းဖက်စစ်တပ်အား အသွေးအသားထဲကပင် မုန်းတီးရွံရှာသောစိတ်များရှိနေကြသော်လည်း လုံခြုံရေးအခြေအနေများကြောင့် ထုတ်ဖော် ပြောဆို ပြသနိုင်ရန် အခက်အခဲရှိနေကြောင်း၊ ထိုသို့ ခံစားချက်များအပါအဝင် တော်လှန်ပြည်သူ အချင်းချင်း အားပေးသည့် စာတန်းများအား ထမီ၊ ပုဆိုးများပေါ်တွင် ရေးဆွဲကာ သရုပ်ဖော်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လှုပ်ရှားမှုကို Yangon Revolution Force – YRF ၏ Soft Strike Community မှ လူငယ်ရဲဘော်များ အသက်စွန့် ကြိုးပမ်းခဲ့ကြခြင်းဖြစ်ပြီး ပြည်သူလူထုနှင့် တစ်သားတည်းရှိနေပြီး စစ်အာဏာရှင်ပြုတ်ကျသည်အထိ ဆက်လက်တော်လှန်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းကိုလဲ ထပ်မံ သတင်းပါးလိုက်ကြောင်း YRF က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article