21 C
Yangon

မြိုင်၊ နှမ်းဆီကန်ရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၁၂ လုံးပြာကျ၊ မုံရွာတွင်လည်း စစ်ကောင်စီ တပ်သားများ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၃

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ နှမ်းဆီကန်ရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၁၂ လုံး ပြာကျခဲ့ကြောင်း We Love Myaing အဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က မြိုင်မြို့နယ် တောင်ပိုင်း နှမ်းဆီကန်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၂ လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

နှမ်းဆီကန်ရွာကို တွင်းမရွာနှင့် သရက်ကန်ရွာမှ ပျူစောထီးများ၊ အကြမ်းဖက် စစ်တပ် စစ်သားများက ဝင်ရောက် စီးနင်း မီးရှို့ခဲ့ကြောင်း၊ နှမ်းဆီကန်ရွာကို အကြမ်းဖက် စစ်ကောင်စီတပ်သားများ စီးနင်းစဥ်က ရွာပတ်ပတ်လည်တွင် ကင်းများချကာ ရွာအတွင်းကို ဝင်ရောက် မွှေနှောက်ခဲ့ပြီး ပြည်သူတစ်ဦးကို ဖမ်းဆီးပြီး ၎င်းတို့ မီးရှို့ဖျက်ဆီးချင်သည့် နေအိမ်များကို လိုက်ပြခိုင်းကာ နေအိမ် ၁၂ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း We love Myaing အဖွဲ့မှ တာ ဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အလားတူ ရွှေဘိုမြို့နယ် ချီပါမြောက်ရွာကို အကြမ်းဖက် စစ်တပ်က နိုဝင်ဘာ လ ၁၂ ရက်နေ့ ည ၉ နာရီခန့်တွင် လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခဲ့ပြီး နေအိမ် ၂ လုံးထိမှန် ပျက်ဆီးသွားပြီး ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည် မပြုနိုင်သေးကြောင်း သိ သည်။

ထို့ပြင် နိုဝင်ဘာလ ၁၂ ရက်နေ့ ည ၈ နာရီ ၅ မိနစ်တွင် ရွှေဘိုမြို့ အနှံ့ အကြမ်း ဖက် စစ်တပ်က သေနတ်များ ရမ်းသမ်း ပစ်ခတ်ခဲ့ပြီး အချက် ၃၀ ထက်မနည်း ပစ်ခတ်ခဲ့သောကြောင့် ကညန ရုံးဘက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦး ခြေထောက်ကျည် ထိမှန်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article