ပခုက္ကူတွင် ဗကသ အဖွဲ့ချုပ် ကျောင်းသားများ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထု ဟောပြောပွဲများ ပြုလုပ်
ရန်ကုန်၊ နိုဝင်ဘာ ၁၄
ပခုက္ကူမြို့နယ်အတွင်းရှိ ဗကသ အဖွဲ့ချုပ် ကျောင်းသားများ ဦးတင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထု ဟောပြောပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျောင်းသားထု အစည်းဝေးများပါ ခေါ်ယူ ကျင်းပခဲ့ပြီး အခြေခံပညာ ကျောင်းသားများ သမဂ္ဂတရပ် ထပ်မံဖွဲ့စည်းရေးပါ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။