21 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၁၄ ရက်နေ့ ညနေပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ – ရခိုင်ပြည်၊ ကျောက်ဖြူမြို့မှာရှိတဲ့ ကုလားပိုက်ဆိပ်ရပ်ကွက်မှာ နေထိုင်သူတစ်ဦးကို နိုဝင်ဘာလ ၁၂ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကနေ လာရောက် ရှာဖွေတဲ့အချိန် လူကိုမတွေ့တဲ့အတွက် သူပိုင် တဲ့ ငါးခြောက်ဒိုင်က ကာလတန်ဖိုး ၅သိန်းကျော်ရှိတဲ့ ငါးခြောက်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင် တွေက ယူဆောင်သွားတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။ – မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင် အဖြစ်ကနေ ထုတ်ပယ်ဖို့အတွက် နိုင်ငံတချို့က ပြောဆိုခဲ့ကြ တဲ့ အပြင်၊ မြန်မာစစ်ဗိုလ်ချုပ်တွေကို မဆက်ဆံချင်တော့ဘူးလို့ ၊ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာ့ အရေးနဲ့ ပတ်သက်ပြီးတော့ အငြင်း ပွားမှုတွေ ဖြစ်ပေါ်ခဲ့ကြတယ်လို့ ဖိလစ်ပိုင်သမ္မတ က ပြောဆို လိုက်ပါတယ်။ -မြိုင်မြို့နယ်မှာရှိတဲ့ ကန်ကလေး ရွာကို မီးရှို့ပြီးပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို နိုဝင်ဘာလ ၁၃ ရက်နေ့က ရွာအနောက်ဘက် ၃ဖာလုံ အကွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ မိုင်းဆွဲတို က်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၅ ဦးထက်မနည်း သေသွားတယ်လို့ သိရပါတယ်။ – ရခိုင်ပြည် ၊ ဘူးသီးတောင်နဲ့ မောင်တောမြို့ကို အကြမ်းဖက် စစ်အုပ်စုက ဖြတ် လေးဖြတ် ပြုလုပ်ထား တာကြောင့် ဆေးဝါး နဲ့ ရိက္ခာပြတ်လု နီးပါးဖြစ်နေတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article