ရန်ကုန်၊ နိုဝင်ဘာ ၁၄
ယင်းမာပင်မြို့နယ်တွင် မြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နှင့် Young Phoenix တို့ ပူးပေါင်းကာ “အမျိုးသား ခွပ်ဒေါင်းအလံ တော်အား အမြင့်မားဆုံးလွှင့်ထူကြ၊ စစ်အာဏာရှင်စနစ်ကို အမြတ်ပြတ်ချေမှုန်းကြ”၊ “အဖိနှိပ်ခံတို့ ရုန်းထကြ” စာသားများကိုင်ဆောင်ကာ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။