20 C
Yangon

မော်လမြိုင်တွင် ယနေ့ ညပိုင်း ပစ်ခတ်မှု PDF တချို့ ဖမ်းဆီးခံရပြီး ရဲ ၁ ဦးနှင့် သတင်းပေး အုပ်ချုပ်ရေးမှူးသား သေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၄

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ် ၊ ဇေယျာသီရိရပ်ကွက်၊ ဇေယျာ ၃ လမ်းတွင် ယနေ့ ညနေပိုင်း ပစ်ခတ်မှုတွင် PDF တချို့ ဖမ်းဆီးခံရပြီး ရဲ ၁ ဦးနှင့် သတင်း ပေး ရပ်ကွက် အုပ်ချုပ်ရေးမှူးသား သေဆုံးကြောင်း ဒေသခံများထံမှ သိရှိရသည်။

ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေ ၄ နာရီမှ စတင်၍ ပစ်ခတ်မှုများစတင်ဖြစ်ပွားခြင်းဖြစ်ပြီး သတင်းပေး ဒလန် အုပ်ချုပ်ရေးမှူးသားနှင့် ရဲများက လာရောက် ဖမ်းဆီးစဉ် ပစ်ခတ်မှု စတင်ဖြစ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“အခု ပြန်သိရတာက PDF မိန်းကလေးတစ်ဦးပါတယ်။ အခြားPDF တွေလည်းပါတယ်။ အဖမ်းခံရတယ်။ ညပိုင်းကျမှ အဖမ်းခံရတာ။ ပစ်ခတ်မှုဖြစ်တော့ ရဲ ၁ ဦးသေတယ်၊ သတင်းပေး အုပ်ချုပ်ရေးမှူးသား သေတယ်လို့ပြောတယ်။ ဒဏ်ရာရတယ်လည်းပြောတယ်။ သေသေချာချာမေးကြည့်တော့ သေတာလို့ပြောတယ်။ PDF တွေကတော့၄ ဦးလို့ ပြန်သိရတယ် အဖမ်းခံရတာ။ အဖမ်းခံရတော့ နှိပ်စက်ပြီး စစ်ကြောရေးမှာ သတ်နိုင်တယ်။ စစ်ခွေးတွေဘက်က ၂ ဦးသေထားတော့။ ရဲဘော်တွေအတွက်တော့ အရမ်း ဝမ်းနည်း နှမျောတယ်”ဟု မော်လမြိုင်မြို့ခံတစ်ဦးက အခြေအနေကို ရှင်းလင်းပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်မှစတင်ပြီး စစ်တပ်က ဇေယျာ ၃ ရပ်ကွက်အတွင်းရှိ နေအိမ်ကို ဝင်ရောက်စီးနင်းရန် ပြင်ဆင်နေစဉ် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ စစ်တပ်က လက်နက်ကြီးများ ပါ အသုံးပြုပစ်ခတ်ခဲ့ကြောင်း၊ အပြန်အလှန် ပစ်ခတ်မှုကြောင့် ရဲတစ်ဦး ထိမှန်သေဆုံးခဲ့ပြီး စစ်တပ်က လက်ရှိအချိန်အထိ မော်လမြိုင်မြို့ကို ပိတ်ဆို့ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ-

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article