22 C
Yangon

အင်းတော်တွင် ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၄

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် KIA၊ KPDF ပူးပေါင်း တပ်ဖွဲ့တို့ ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၄ ဦးသေဆုံးကြောင်း Indaw Revolution-IR အဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာလ ၁၃ရက်နေ့ နံနက်ပိုင်းတွင် နန်းမကြိုင်ရွာဘက်သို့ အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်နှင့် KIA၊ KPDF ပူးပေါင်း တပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၄ ဦးသေဆုံးကြောင်း သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦး ပွဲချင်းပြီး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိကာ ထိခိုက် ဒဏ်ရာရရှိသူများကို ကသာဆေးရုံတွင် တင်ဆောင်ထားစဥ် ၁ ဦး ထပ်မံ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ကသာဘက်မှ ဆင်းလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် အင်းတော်ဘက်မှ တက်လာသော အကြမ်းဖက် စစ်ကြောင်း တို့ပူးပေါင်းကာ ကမ်းနီရွာထိပ်၌ ရောက်ရှိလာစဥ် KIA၊ PDF ပူးပေါင်းအဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များနိုင်ကြောင်းသိရသသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တွေ့မြင်ခဲ့သော ဒေသခံ ပြည်သူများ ပြောကြားချက်အရ သေဆုံးသွားသော စစ်သားများနှင့် ထိခိုက် ဒဏ်ရာရရှိသော စစ်သားများကို မှန်လုံကားဖြင့် အင်းတော်မြို့ထဲသို့ သယ်သွားကြောင်း သိရပါသည်။

အဆိုပါ စစ်ကြောင်းများသည် အင်အား ၆၀ ခန့်သာ ကျန်ရှိတော့ကြောင်း၊ နားရခေါင်ရွာတွင် ရောက်ရှိနေပြီး အင်းတော်မြို့ပေါ်မှ စစ်သား အင်အား ၃၀ ခန့်ကို ခေါ်ယူကာ ထပ်မံဖြည့်ထားကြောင်း၊ ညနေပိုင်းတွင် ယင်း စစ်ကြောင်းများက တောထဲသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ် နေကြောင်းလည်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းများသည် အင်းတော်၊ နားရခေါင်၊ ပင်ဝယ်လမ်း၊ ကသာလမ်းကြောဘက်တွင် တပ်ဖြန့်ထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article