26 C
Yangon

ကော့သောင်းတွင် ယာဉ်ထိန်းရဲ စန်းမောင် ပစ်သတ်ခံရ ၊ သာယာ၀တီတွင် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာ ပြင်းထန်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၅

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် ယမန်နေ့ ညပိုင်း ယာဉ်ထိန်းရဲ စန်းမောင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ကော့သောင်းမြို့နယ် မြို့ပြ သမန်းကျား ပျောက်ကျားတပ်ဖွဲ့မှ ဗိုလ်သမန်းကျားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ ည ၈ နာရီ ၃၂ မိနစ်အချိန် ကော့သောင်းမြို့မှ ယာဉ် ထိန်းရဲ စန်းမောင်သည် ရဲစခန်းမှ အပြင်သို့ အသွားတွင် ကောသောင်းမြို့နယ် မြို့ပြသမန်းကျား ပျောက်ကျားတပ်ဖွဲ့က သေနတ်ဖြင့် ၅ ချက်တိတိ ရှင်းလင်းရာမှ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“ယာဉ်ထိန်းရဲ စန်းမောင်က က ရဲစခန်းကွင်းထဲ နေတာပါ။ ရဲစခန်းထဲကနေ မယားကြီးကိုထားပြီး မယားငယ်အိမ်သို့ သွားတဲ့အချိန် လမ်းရပ်နားချိန်မှာ ၅ချက်တိတိပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ယာဉ်ထိန်းရဲ စန်းမောင် နေရာတင် ပွဲချင်းပြီး သေပါတယ်” ဟု ဗိုလ် သမန်း ကျား က ပြောသည်။

အလားတူ နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေ ၆ နာရီအချိန် ပဲခူးတိုင်း သာယာဝတီခရိုင် သာယာဝတီမြို့နယ်တွင် အိုက်ကဒုံကျေးရွာအုပ်စု စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး မင်းနိုင်နှင့် မြစ်ကျိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကြီးမြင့်တို့ကို သာယာဝတီဂဠုန်တပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ရာ အုပ်ချုပ်ရေးမှူး မင်းနိုင်သေဆုံးပြီး အုပ်ချုပ်ရေးမှူး ကြီးမြင့်မှာ ဒဏ်ရာ အပြင်းအထန်ရရှိကြော်ငး သိရှိရသည်။

စစ်အာဏာသိမ်းမှုကြောင့် ပြည်သူများ စီးပွားရေး ကျပ်တည်းနေချိန် ကဒုံကျေးရွာအုပ်စု စစ်ကောင် စီခန့်အုပ်ချုပ်ရေးမှူး မင်းနိုင်နှင့် မြစ်ကျိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကြီးမြင့်တို့က စိုက်ပျိုးရေးဘဏ်မန်နေဂျာနှင့် ပူးပေါင်းကာ တောင်သူများအပေါ် စစ်တပ်အလိုကျ နိုင့်ထက်စီးနင်း ခြိမ်း ခြောက်၍ စိုက်ပျိုးရေးချေးငွေများ အတင်းအဓမ္မတောင်းခံနေသဖြင့် ပစ်ခတ်ရှင်းလင်းခြင်းဖြစ် ကြောင်း ၊ သာယာဝတီဂဠုန်တပ်ဖွဲ့က ပဲခူးတိုင်းနန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

သာယာဝတီဂဠုန်တပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူး မင်းနိုင်မှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကြီးမြင့်မှာ အသက်အန္တရာယ် စိုးရိမ်ရဒဏ်ရာ အပြင်းအထန်ရရှိကာ သာယာဝတီဆေးရုံသို့ ပို့ဆောင်ထားရကြောင်း၊ သေဆုံးနိုင်ဖွယ်ရှိကြောင်း၊ ပဲခူးတိုင်း PDF တပ်ဖွဲ့ဝင်များနှင့် မြို့ပြပြောက်ကျား အဖွဲ့များက နန်းထိုက်အောင် စစ်ဆင်ရေးဖြင့် အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် ဒေါက်တိုင်များကို တိုက်ခိုက်ချေမှုန်းလျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဒဏ်ရာရရှိထားသော အုပ်ချုပ်ရေးမှူး ကြီးမြင့်နှင့် သေဆုံးသွားသော အုပ်ချုပ်ရေးမှူး မင်းနိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article