ရန်ကုန်၊ နိုဝင်ဘာ ၁၅
တော်လှန်ပြည်သူတစ်ဦးမှ သန်လျင်မြို့နယ်တရားရုံးနှင့် သန်လျင်ခရိုင်တရားရုံးရှေ့တွင် ပျက်စီးနေသည့်တရားဥပဒေကို မီးမောင်းထိုးပြသည့် Failed Law လှုပ်ရှားမှုပြုလုပ်ခဲ့ပြီး တောင်ကြီးမြို့နှင့် ရန်ကုန်မြို့နေရာအချို့တွင်လည်း ပြည်သူများနှင့် ကျောင်းသားလူငယ်များမှလည်း
ပျက်စီးနေသည့်ပညာရေးစနစ်နှင့် တရားမျှတမှုဆိတ်သုန်းနေမှုကို ဖော်ဆောင်သည့် Failed Law လှုပ်ရှားမှုတွင်ပါဝင်ခဲ့သည်။