Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၁၅ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ – ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီကနေစလို့ တိုက်ပွဲပြင်းထန်နေပြီး သံဖြူဇရပ် အမြောက်တပ်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူနေတယ်လို့ ရန်ကုန်ခေတ်သစ် သတင်းရင်းမြစ်ကပြောပါတယ်။ – တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်မှာ မနေ့ ညပိုင်းက ယာဉ်ထိန်းရဲ စန်းမော်အောင်ဟာ ရဲစခန်းကနေ အပြင်ကို အသွား သေနတ် ၅ချက်ပစ်ခတ်ကာ ရှင်းလင်းလိုက်တာဖြစ်တယ်လို့ ကော့သောင်းမြို့နယ် မြို့ပြ သမန်းကျား ပျောက်ကျား တပ်ဖွဲ့မှ ဗိုလ်သမန်းကျားက ရန်ကုန်ခေတ်သစ်သတင်းဌာနကိုပြောပါတယ်။ – စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပင့်သာတိုက်နယ်ရှိ ကျေးရွာ ၄ ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ် ၁၂၈ လုံး ပြာကျခဲ့တဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။