ရန်ကုန်၊ နိုဝင်ဘာ ၁၅
တနင်္သာရီမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်များအကြား တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် မော်တုန်းရွာ အနောက်ကမ်း၌ အကြမ်းဖက် ခမရ ၅၅၇ နှင့် ခမရ ၅၅၈ မှ စစ်သားများ လိုက်ပါလာသည့် စစ်ကြောင်းကို မြိတ်ခရိုင်တပ်ရင်း ၂ မှတပ်ခွဲ ၂ ၊ တနင်္သာရီပြောက် ကျားအဖွဲ့၊ တနင်္သာရီ ရိုးမအဖွဲ့တို့က သွားရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ဦးသေ ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ဗောဓိကမ်းရွာ တံတားအနီးရှိ အကြမ်း ဖက် စစ်တပ် အမတ ၃၀၆ နှင့် ခမရ ၅၅၇ တပ်ရင်းမှ စစ်သားများ တပ်စွဲထားသည် စခန်းငယ် တစ်ခုကို မြိတ်ခရိုင်တပ်ရင်း ၂ မှတပ်ခွဲ ၁ က တနင်္သာရီမြို့နယ် မဟာမိတ် တပ်ပေါင်းစုတို့ ပူးပေါင်းပြီး ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ် သား ၃ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင်တပ်ရင်း ၂ က ထုတ်ပြန်ထားသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အုတ်ဖိုရွာတွင် တပ်စွဲထားသော အကြမ်း ဖက် စစ်တပ်ကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေ ၄ နာရီခန့်တွင် အုတ်ဖိုရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို Bo Tiger ဗိုလ်ကျားကြီးအဖွဲ့မှ လက်နက်ကြီး ဗုံးသီ ၁၀ လုံး၊ လက်နက်ငယ်များဖြင့် သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“Bo Tiger ဗိုလ်ကျားကြီး အဖွဲ့ ဦးဆောင်ပြီး အုတ်ဖိုရွာမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေကို လက်နက်ကြီး ၁၀ လုံးလောက်နဲ့ ပစ်တယ်။ လက်နက်ငယ်တွေနဲ့လည်း ပစ်ခတ် တိုက်ခိုက်တယ်။ ကျွန်တော်တို့ လှမ်းပစ်တဲ့အချိန် သူတို့ လူအုပ်ထဲကို လက်နက်ကြီးက တည့်တည့်ရောက်သွားတော့ စစ်ခွေးတွေ ၅ ဦးထက်မနည်းသေတယ်။ ဒဏ်ရာရတာလည်းအများကြီးပဲ” ဟု Bo Tiger ဗိုလ်ကျားကြီး အဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။