30 C
Yangon

မြ၀တီ၊ သေဘော့ဘိုးကျေးရွာအနီးတိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးမှုများ ပြား ပြီး ဆုတ်ခွာပြေး၊ စစ်အရာရှိ အပါအဝင် ၆ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၅

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သေဘော့ဘိုးကျေးရွာအနီးတိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး ဆုတ်ခွာ ထွက်ပြေးသွားကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် မြ၀တီမြို့နယ်၊ သေ့ဘော့ဘိုးကျေးရွာ အနီးသို့ ကျူးကျော်လာ‌သော အကြမ်ဖမ်း စစ်ကောင်စီတပ်များကို KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ည ၇ နာရီအထိ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့ တိုက်ပွဲ ဖြစ်ပွားနေစဉ် မြဝတီ – ဝေါ်လေ ကားလမ်းပေါ်ရှိ မြွေသုံးကောင် ဘုရားအနီး စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီးများ၊ အတွဲလိုက်ပစ် MLRS ဒုံးကျည်များဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း၊ သို့ရာတွင် ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်၊ သေဆုံး များပြားစွာဖြင့် ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရှိရသည်။

မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များတွင် KNLA ကော်ဘရာပူးပေါင်းစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ တပ်မဟာ လုံခြုံရေးစစ်ကြောင်း၊ Federal Wings Drone အဖွဲ့၊ ရောင်နီတပ်ခွဲ ဒရုန်းအဖွဲ့ တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ထံမှ ၅.၅၆ ကျည်ဆန် ၃၇၀ တောင့်၊ ၄၀ မမ ဗုံးသီး ၈ လုံး၊ RPG ဗုံးသီး ၃ တောင့်၊ ၎င်းပို့ယမ်းတောင့် ၃ တောင့်၊ ၅.၅၆ ကျည်ဘောက် ၈ ခု၊ MA – 2 ကျည်ဘောက် ၁ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ နင်းမိုင်း ၂ လုံး၊ စစ်သုံးမြေပုံ ၁ ချပ်၊ ကျည်ကာ ဦးထုပ် ၁ လုံး၊ စစ်သုံး လွယ်အိတ် ၁ လုံး၊ စာ ရွက်စာတမ်းများ၊ ပုခတ် ၁ လုံး၊ ပေါက်တူး ၁ လက်၊ စက်အားသွင်းခုံ ၁ ခု၊ ရေဘူး ၁ လုံး၊ ကိုယ်ရေးကိုယ်တာ ဓာတ်ပုံ ၂ ပုံ တို့အား သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။

ကနေဦး သတင်းအတည်ပြုချက်အရ အကြမ်းဖက်စစ်ကောင်စီဘက်မှ အရာရှိ တစ်ဦးအပါအဝင် ၄ ဦး သေဆုံးပြီး အခြား အရာရှိနှင့် အခြားအဆင့်များ (၁၀) ဦး ထက်မနည်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိကြောင်း ၊ အကြမ်းဖက်စစ်ကောင် စီဘက်မှ အထိနာကာ၊ ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး သေဆုံး၊ ထိခိုက်အရေ အတွက် အတိအကျကို အတည် ပြုနိုင်ရန် ဆက်လက်စုံစမ်း‌နေဆဲ ဖြစ် ကြောင်း‌ ကော်ဘရာစစ်ကြောင်း ကဆိုသည်။

အလားတူ လေ့ကေ့ကော်မြို့သစ်အနီး လုံ‌ခြုံရေးတာဝန်ယူထားသော ကော်ဘရာစစ်ကြောင်း၏ လက်ဖြောင့်စနိုက်ဘာ တပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြင့် ယမန်နေ့ နိုဝင်ဘာ ၁၄ ရက်နေ့ နေ့လည်ပိုင်းတွင် လေ့ကေ့ကော် ရေကန်ကုန်းစခန်းရှိ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် အနည်းဆုံး ၁ ဦး သေဆုံးကြောင်း ၊ နိုဝင်ဘာ ၁၃ ရက်နေ့တွင် လူခို့၊ ညောင်ချောင်းဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ၁ ဦး သေဆုံးပြီး IO အရာရှိအပါအဝင် (၄)ဦး အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ပါကြောင်း သိရှိရသည်။

ယနေ့ နိုဝင်ဘာ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်မှ စတင်၍ နာရီဝက်ကျော်ကြာ လူခို့၊ ညောင်ချောင်းအနီးတွင် အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်းတပ်ဖွဲ့များအကြား နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှု မရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article