20 C
Yangon

ဒီးမော့ဆိုတွင် မူကြိုကျောင်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ၅ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ ၊ ဟားခါးတွင်လည်း စစ်တပ်၏ လက်နက်ကြီးကျည်ထိမှန်၍ ၁၄ နှစ်အရွယ် ကလေး ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၆

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် မူကြိုကျောင်းတစ်ကျောင်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ် ဒီးမော့ဆိုမြို့နယ်ရှိ မူကြိုကျောင်းကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ကျောင်းပေါ် ကျရောက်ပေါက်ကွဲကာ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးကြောင်း၊ ဒဏ်ရာရသူ ၈ ဦးရှိပြီး ၃ ဦးစိုးရိမ်ရကြောင်း သိရှိရသည်။

အလားတူ နိုဝင်ဘာ ၁၅ ရက်နေ့ ည ၁၀ ခွဲအချိန် ချင်းပြည်နယ်၊ ဟားခါးမြို့ ကျောဘုတ်ရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ်သို့ စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက်ပြီး အသက် ၁၄နှစ်အရွယ် Shalom Van သေဆုံးသွားကြောင်း၊ မိုးဟိန်း‌သောက် ရေသန့်ကုမ္ပဏီ၀န်ထမ်း ၂ဦး ဒဏ်ရာရရှိကြောင်း ချင်းဂျာနယ်က သတင်းဖော်ပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article