21 C
Yangon

စစ်ရေးပစ်မှတ် မဟုတ်သော ဘုရားသုံးဆူမြို့ မိုင်းလုပ်ကွက်ကို သိလျက်ဖြင့် စစ်လေယာဉ်ဖြင့် ဗုံးကျဲဟု အကြမ်းဖက် ဇော်မင်းထွန်း ဝန်ခံ၊ နိုင်ငံခြားသားများ သေဆုံးလျှင်လည်း စစ်တပ်တွင် တာဝန်မရှိဟုဆို

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၆

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ရှိ မိုင်းလုပ်ကွက်များကို စစ်တပ်ကလေယာဉ်ဖြင့် ဗုံးကျဲခြင်းသည် စစ်ရေးပစ်မှတ်မဟုတ်သည်ကို သိလျက်ဖြင့် တရားမဝင် လုပ်ကိုင်နေ၍ လုံခြုံရေးအရ ရှင်းလင်းခြင်းဖြစ်ကြောင်း အကြမ်းဖက် စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုဝန်ခံလိုက်သည်။

“ဘုရားသုံးဆူဒေသမှာ အစိုးရဘက်က တရားဝင်ခွင့်ပြုထားတဲ့ သတ္တုရှာဖွေရေး၊ သတ္တုတူးဖော်ရေး လုပ်ငန်းမရှိဘူးလို့ ပြောချင်ပါတယ်။ ယခင်ကတော့ ရှိခဲ့ဖူးပါတယ်။ ယခင်က အဲဒီဘက်မှာ ၂၀၁၆ မတိုင်ခင်က ရှိခဲ့ဖူးတယ်။ တချို့ မိုင်းတွင်းတွေရှိခဲ့ဖူးတယ်။ သပြုသတ္တူတူးဖော်ရေး ကုမ္မဏီ လီမိတက်က လုပ်တဲ့ မိုင်းတွင်းတချို့ရှိခဲ့ဖူးတယ်။ ဒီပြင် ကုမ္မဏီက လုပ်ခဲ့ဖူးတဲ့ မိုင်းတွင်းတချို့ရှိခဲ့ဖူးတယ်။ သူတို့သည် ကျနော်တို့ ဒါ ၁၁ ရက် ၁၂လ ၂၀၁၆ ခုနှစ်ရက်နေ့မှာ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီဖြစ်တယ်။ သက်တမ်းကုန်ဆုံးတဲ့အတွက် အစိုးရကို လျှောက်ထားတယ်။ အစိုးရအနေနဲ့လည်း မိုင်းတွင်းတွေမှာ စာချုပ်သက်တမ်းကုန်ဆုံးလို့ ပယ်ဖျက်ခဲ့ပြီးဖြစ်တယ်။ KNU တပ်မဟာ ၆ နဲ့ ဆက်စပ်ပြီးတော့ လုပ်ငန်းတွေကို ဆက်စပ်လုပ်ကိုင်နေတာဖြစ်တယ်” ဟု ဇော်မင်းထွန်းက မီဒီယာများသို့ ပြောသည်။

KNU တပ်မဟာ ၆ ကပင် သတ္တုတူးဖော်ရေးလုပ်ငန်းကို ဆောင်ရွက်နေကြောင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့်တိုင် လုံခြုံရေးအရ တရားမဝင်လုပ်ငန်းများဖြစ်၍ လေယာဉ်ဖြင့် ဗုံးကျဲခြင်းဖြစ်သည်ဆိုသော သဘောထားကို ဇော်မင်းထွန်းက ပြောဆိုသွားသည်။

“လုံခြုံရေးအရ တရားမဝင် အဖျက်အမှောက်လုပ်ငန်းတွေ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ နိုင်ငံခြားသားတွေ သေတယ်ဆိုတဲ့ သတင်းမျိုးတွေလည်း တက်လာတာ တွေ့ရတယ်။ ကျနော်တို့ အတည်မပြုနိုင်ခြင်းမရှိပါဘူး။ ရှိခဲ့ရင်လည်း တရား မဝင်လုပ်ငန်းကို လာရောက်ပြီးတော့ လုပ်ကိုင်နေတဲ့လူတွေပဲ ဖြစ်ပါတယ်။ အဲဒီလူတွေ ဘယ်လိုရောက်နေလဲ ဘယ်သူတွေ ခေါ်လာလဲဆိုတာ အဲဒီနယ်မြေမှာ လှုပ်ရှားနေတဲ့ KNU တပ်မဟာ ၆ မသိဘဲနဲ့ ရောက်လာစရာမရှိဘူးလို့ပြောချင်ပါတယ်” ဟု ဇော်မင်းထွန်းက ဆိုသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့၊ သပြုကျေးရွာအနီးရှိ ခဲသတ္တုတူးဖော်သည့် မိုင်းလုပ်ကွက် တစ်ခုကို စစ်ကောင်စီက တိုက် လေ ယာဉ် ၂ စီးဖြင့် နိုဝင်ဘာလ ၁၆ ရက် ယနေ့ နံနက် အစောပိုင်းတွင် ဗုံးကျဲတိုက် ခိုက်မှုကြောင့် တရုတ်နိုင်ငံသားများ အပါအဝင် အနည်းဆုံး ၃ ဦး သေဆုံးကာ လူ ၈ ဦး ဒဏ်ရာရကြောင်း KNU သတင်းရင်းမြစ်နှင့်ဒေသခံများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article