ရန်ကုန်၊ နိုဝင်ဘာ ၁၆
တန့်ဆည်မြို့နယ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် အမျိုးသားနေ့ အကြို အဖြစ် စစ်ကျွန်ပညာရေး အမြစ်ပြတ်စေရန်နှင့် စစ်အာဏာရှင်စနစ် အပြီးတိုင် နိဂုံးချုပ်စေရန် “ကျောင်းသားထုအားဖြင့် စစ်ကျွန်ပညာရေးကို မြေမြှုပ်ကြ” စာတန်း ကိုင်ဆောင်ကာ ချီတက် သပိတ်မှောက်ခဲ့ကြောင်း သိရသည်။