ရန်ကုန်၊ နိုဝင်ဘာ ၁၆
ရန်ကုန်တွင် ဗကသ ကျောင်းသားများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် “အမျိုးသားခွပ်ဒေါင်းအလံတော်အား အမြင့်မားဆုံး လွှင့်ထူကြ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ခြေမှုန်းကြ” စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ ချီတက် ဆန္ဒပြပွဲကို မရမ်းကုန်းမြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၊ရန်ကုန်ရဲ့သူပုန်များသပိတ်ကော်မတီ-YRSC၊ပုဇွန်တောင်ဗိုလ်တထောင်လူငယ်များသပိတ်ကော်မတီ(PBYSC)၊သင်္ဃါန်းကျွန်းမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ လှိုင်သာယာမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ(လသယအကသ)၊Burma Youth Revolutinory Force (BYRF)၊ဗမာ့လူငယ်ကွန်ရက်(ဗ.လ.က) သပိတ်အင်အားစုများပူးပေါင်း၍သပိတ်ရန်ကုန်မြို့တစ်နေရာတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။