ရန်ကုန်၊ နိုဝင်ဘာ ၁၆
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းတွင် ပြည်သူများကို စစ်ဆေးရေးလုပ် နေသော စစ်တပ်ဂိတ်ကို မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Young Defense Power Force အဖွဲ့က ပြောသည်။
နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ် အချိန် မင်္ဂလာဒုံမြို့နယ် ပြည်လမ်းနှင့် အောက် မင်္ဂလာဒုံလမ်းကို ဆက်သွယ်ထားသည့် ငါးကန်လမ်းထိပ်အနီးအနားတွင် ဆိုင်ကယ်များနှင့် ကားများဖမ်းဆီးစစ်ဆေးနေသည့် စစ်ကောင်စီတပ် နေရာကို ဂဠုန်ရာဇာပြောက်ကျားတပ်ဖွဲ့ နှင့် YOUNG DEFENCE POWER FORCE YDPF အဖွဲ့နှင့် အတူပူးပေါင်း၍ အဝေးထိန်းမိုင်း နှစ်လုံး ဖြင့်အတူ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အလားတူ နိုဝင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်တွင် မြောက်ဒဂုံမြို့နယ်ရှိ မြောက်ဒဂုံမြို့နယ်လ၀က ဦးစီးမှူးရုံးကို လှိုင်သာယာလူဝကြီးအဖွဲ့နှင့် YUGA-MO1 (Star Light) အဖွဲ့တို့က ပူးပေါင်း ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
ထို့ပြင် စစ်ကောင်စီ ထောက်တိုင်များဖြစ်သည့် အုပ်ချုပ်ရေး၊ စီးပွားရေး၊ ယန္တယားများကို လည်ပတ်မောင်းနှင်နေကြသည့် လူများ အဆောက်အဦးများကိုလည်း စစ်ရေး ပစ်မှတ်အဖြစ် ဆက်လက် တိုက်ခိုက်အရေးယူ သွားမည်ဖြစ်ကြောင်း လှိုင်သာယာလူဝကြီးအဖွဲ့နှင့် YUGA-MO1 (Star Light) အဖွဲ့တို့က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- ရန်ကုန်-ပြည်လမ်းတွင် ကားနှင့်ဆိုင်ကယ်များကို စစ်ဆေးနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။