26 C
Yangon

ဆောမြို့နယ်တွင် လက်နက်နှင့်တကွ CDM ပြုလုပ်လာသော ရဲ ၄ ဦးကို ဂုဏ်ပြုဆုငွေ ပေးအပ်ပွဲ ပြုလုပ်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၇

မကွေးတိုင်း၊ ဆောမြို့နယ် မြို့မရဲစခန်းမှ ဒုတပ်ကြပ် ၁ ဦးနှင့် ရဲတပ်သား ၃ ဦး လက်နက်နှင့်တကွ ဂန့်ဂေါခရိုင် PDF တပ်ဖွဲ့ထံ CDM ပြုလုပ်လာကြောင်း သိရသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာက ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ်(၁) စစ်ဒေသ၊ ဂန့်ဂေါခရိုင်၊ အမှတ်(၃) တပ်ရင်းသို့ ဆောမြို့နယ်၊ မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ဒုတပ်ကြပ်တစ်ဦးနှင့် ရဲတပ်သား ၃ ဦးတို့ လက်နက်နှက့်တကွ CDM ပြုလုပ်လာခြင်း ဖြစ်ကြောင်း သိရသည်။

CDM ပြုလုပ်လာသူ ၄ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ်(၁) စစ်ဒေသ၊ ဂန့်ဂေါခရိုင်၊ အမှတ်(၃) တပ်ရင်းတွင် ဂုဏ်ပြု ဆုငွေ ပေးအပ်ပွဲအခမ်းအနား ပြုလုပ်ပေးခဲ့ပြီး တပ်ရင်းမှူးက အမှာစကား ပြောကြားခြင်းနှင့် ဆုငွေပေးအပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်တွင် ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်းမရှိသူများကို လက်ကမ်းကြိုဆိုနေမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article