26 C
Yangon

အင်းစိန်အကျဉ်းထောင်တွင် မတရားဖမ်းဆီးခံထားရသည့် ၈၈ မျိုးဆက် ကျောင်း သားခေါင်းဆောင် ဦးမြအေး ပြန်လွတ်လာ၊ မြန်မာပြည်သူများနှင့် အမြဲတမ်းအတူရှိနေမည်ဟု ဦးမြအေး ပြောဆို

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၇

အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီးမှု ခံထားရသည့် ၈၈ မျိုးဆက် ကျောင်း သားခေါင်းဆောင် ဦးမြအေးသည် ယနေ့ အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာကြောင်း Assistance Association for Myanmar-based Independent Journalists က ဓာတ်ပုံများဖြင့် သတင်းဖော်ပြထားသည်။

ဦးမြအေးကို အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီ ၁ ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

ထို့နောက် ပုဒ်မ ၅၀၅ (ဂ) ဖြင့် တရားစွဲဆိုခဲ့ပြီး ယခုနှစ် မတ်လတွင် အင်းစိန် ထောင်တွင်း တရားရုံးက ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီက အကျဥ်းကျခံနေရသည့် အကျဥ်းသား ၅၀၉၈ဦး၊ အကျဥ်း သူ ၆၇၆ဦး စုစုပေါင်း ၅၇၇၄ ဦးတို့ကို လွတ်ငြိမ်းခွင့်ပေးကြောင်း ယနေ့ ထုတ်ပြန်ကြေညာထားသည်။

အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသည့် ဦးမြအေးက “မြန်မာ ပြည်သူများနှင့် အမြဲတမ်းအတူရှိနေမည်”ဟု အင်းစိန်ထောင်မှ အထွက်တွင် ပြောဆိုသွားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article