24 C
Yangon

ရွှေညဝါဆရာတော်ကြီး၊ စာရေးဆရာ မောင်သာချို၊ NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်တို့ပြန်လည် လွတ်မြောက်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၇

အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးထားသော ရွှေညဝါဆရာတော်ကြီး၊ စာရေးဆရာ မောင်သာချို၊ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်နှင့် ပြောခွင့် ရ ပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်တို့ ယနေ့ ပြန်လည်လွတ်မြောက်လာကြောင်း နိုင်ငံ ရေး အသိုင်းအ၀ိုင်းက အတည်ပြုသည်။

“ရွှေညဝါဆရာတော်ကြီး၊ ဦးမြအေး၊ ဒေါက်တာမျိုးညွှန့်၊ စာရေးဆရာ မောင် သာ ချို တို့ ပါလာကြတယ်။ ဆရာ တော်ကြီးက ကျန်းမာရေး ထိထားတယ်။ ကားပေါ် အတက်အဆင်းရော အပြင်မှာရော တွဲပြီး ခေါ်သွားတာ တွေ့တယ်။ အခုထက်ထိတော့ ထောင်ရှေ့မယ် ဆက်စောင့်နေကြတုန်းပဲ။ ဘယ်သူတွေ ထပ်လွှတ်မလဲဆိုပြီး” ဟု အင်းစိန်အကျဉ်းထောင်ရှေ့ ရောက်ရှိနေသော ရန် ကုန် ခေတ်သစ်၏ အလွတ်တန်းသတင်းထောက်က ပြောသည်။

လက်ရှိ အခြားအကျဉ်းထောင်များမှလည်း ပုဒ်မ ၅၀၅ ဖြင့် အရေးယူခံ ထားရသူ တချို့ လွတ်မြောက်လာပြီး သာယာ၀တီထောင်မှ ပုဒ်မ ၅၀၅ ဖြင့် အကျဉ်းချခံ ထားရသော နိုင်ငံရေးအကျဉ်းသူ ၈ ဦးလွတ်မြောက်လာကြောင်း သိရှိရသည်။

ဓာတ်ပုံ- AAMIJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article