ရန်ကုန်၊ နိုဝင်ဘာ ၁၇
မြန်မာနိုင်ငံ လုံးဆိုင်ရာ စစ်အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစု ဆရာတော်များ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် “ဘယ်သူတွေလွတ်လွတ် အားလုံးက ထောင်ကြီးထဲမှာ အမှောင်ကြနေတာပါ။ ဆက်လက်ပါဝင်ပေးကြရန် မေတ္တာရပ်ခံပါတယ်။” ဟု စာတန်းများ ကိုင်ဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။