25 C
Yangon

စစ်ကိုင်း၊ ရေမြတ်ရွာမှ ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံး၊ မတ္တရာတွင် ပျူစောထီးနှင့် စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၇

စစ်ကိုင်းမြို့နယ်၊ ရေမြတ်ရွာတွင် နေထိုင်သည့် ပျူစောထီး ကျော်ဆောင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အုန်းတောဖွံ့ဖြိုးရေးကျောင်းပေါက်အနီး ဆိုင်ကယ်ဖြင့် ပြန်လာသည့် ပျူစောထီးအဖွဲ့ဝင် ကျော်ဆောင်ကို ပြောက်ကျား တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီးအဖွဲ့ဝင် ကျော်ဆောင်သည် လူငယ်များအား PDF ဟုစွပ်စွဲပြီး တိုင်ကြားခြင်း၊ စစ်ကောင်စီ အလိုကျ ခိုင်းစေခြင်းများကို ဆောင်ရွက်ပေးခြင်း၊ လောင်းကစား လုပ်ငန်းများကို ပြုလုပ်နေခြင်း၊ စစ်ကောင်စီအား ပေါ်ပေါ်ထင်ထင် ထောက်တိုင်ပြုလုပ်ပေးခြင်းကြောင့် ပြောက်ကျားတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုကို Farmers Revolution Force (SGG) နဲ့ လင်းလက် ကြယ်အဖွဲ့တို့က ပူးပေါင်း ပြုလုပ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အလားတူ မန္တလေးတိုင်း မတ္တရာမြို့နယ် တောင်ပြုံးရွာက စစ်ကောင်စီ လက်ပါးစေ ပျူခေါင်းဆောင် ဘူကြီးသည် ယနေ့ နံနက်ပိုင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

နိုဝ်ဘာလ ၁၇ ရက်နေ့ နံနက် ၇ နာရီခွဲအချိန် တောင်ပြုံးကျေးရွာမှ ပျူစောထီး ခေါင်းဆောင် ဘူကြီးသည် စစ်အုပ်စုနှင့် ပေါင်းပြီး ပြည်သူကို အနိုင်ကျင့် သောင်း ကျန်းနေသည့်အတွက် ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ – ပကဖ ၊ G-6 Stars မြို့ပြပျောက်ကြား ညီနောင် တို့ပူးပေါင်းပြီး ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

ပျူစောထီးခေါင်းဆောင် ဘူကြီးထံမှ လက်လုပ်သေနတ်တစ်လက်နှင့် လက်ထိပ်တစ်ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ နိုဝင်ဘာ ၁၇ ရက်နေ့ နံနက် ၉ နာရီအချိန် မတ္တရာမြိုနယ်၊ ရုန်းပင် အနောက်ရွာမှ စစ်ကောင်စီ သတင်း ပေးဟု သတ်မှတ်ခံထားရသူ အသက် ၆၀ ကျော်အရွယ် ဦးဝင်းမြင့် ခေါ် ဇီးဝင်းမြင့် အသတ်ခံရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article