ရန်ကုန်၊ နိုဝင်ဘာ ၁၇
ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက်ရှိ ရဲကင်းဂိတ်ကို War of Hunter Revolution Force (WOH) အဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ အဖွဲ့မှ ဗိုလ်တွတ်ပီက ပြောသည်။
နိုဝင်ဘာလ ၁၇ ရက်နေ့ ည ၇ နာရီ ၄၇ မိနစ်တွင် ကြံခင်းစုရပ်ကွက်၊ လေဆိပ် လမ်းရှိ ရဲကင်းဂိတ်ကို အဝေးထိန်း ဗုံး ၁ လုံးဖြင့် WOH အဖွဲ့က ဖောက်ခွဲ တိုက် ခိုက်ခဲ့ကြောင်း ၊အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ထိခိုက်မှုရှိ မရှိကို အတည် မပြုနိုင်သေးဘဲ ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာ နိုင်ခဲ့ ကြောင်း ဗိုလ်တွတ်ပီက ဆိုသည်။
ထို့အတူ နိုဝင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန် အင်းစိန် မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ သီရိမင်္ဂလာလမ်းမပေါ် စစ်တပ်လက်အောက်ခံ ဦးပိုင် ကုမ္ပဏီ၏ ကားကြီးဝင်းကို အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက် ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို Divine Ranger Forces ( DRF ) နှင့် United Resistance Force ( UGF )တို့က အတူ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာမြို့ပြပျောက်ကျားတပ်ဖွဲ့ ၏ပြောဆိုထုတ်ပြန်ချက်အရ သိရှိရသည်။
” ဒီနေ့ညနေပိုင်း ရန်ကုန် အင်းစိန် ဂျပန်လမ်း ဟွန်ဒိုင်း ကားပြခန်းနဲ့ ဦးပိုင်ကုမ္ပ ဏီ ရှေ့နားမှာဗုံးပေါက်ပါတယ်။ လူထိခိုက်တာတော့မရှိပါဘူး။ အသံတော့ အရမ်း ကိုကျယ်တာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင် ယနေ့ည ၇ နာရီ ၄၇ မိနစ်အချိန် မြောက်ဒဂုံတွင်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး အလွန်အသံကျယ်ကြောင်း၊ နေရာအတိအကျကိုမူ မသိရှိ ရသေး ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဓာတ်ပုံ- ရန်ကုန်တွင် ကင်းလှည့်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်)