25.6 C
Yangon

စစ်ကိုင်းမြို့နယ်တွင် အိမ်ခြေ ၁၀၀၀ နီးပါးရှိသော တောင်ရင်းကျေးရွာကို စစ်တပ်က မီးတင်ရှို့သဖြင့် ပြည်သူ သောင်းချီ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၈

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုးအနီးရှိ အိမ်ခြေ ၁၀၀၀ နီးပါးရှိသော တောင်ရင်း ကျေးရွာကို စစ်တပ် က မီးတင်ရှို့သဖြင့် ပြည်သူသောင်းချီ ထွက်ပြေးနေရကြောင်း ဒေသခံပြည်သူ များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် အင်အား ၃၀၀ ကျော်ရှိသော စစ်ကြောင်းက စစ်ကိုင်းမြို့နယ်၊တောင်ရင်းကျေးရွာကို ဝင်ရောက်မီးရှို့ခြင်းဖြစ်ကြောင်း၊ ကျေးရွာအနီးတွင် တိုက်ပွဲမကြာခဏ ဖြစ် ပွားပြီးနောက် စစ်ကြောင်းက ကျေးရွာကို ဝင်ရောက်မီးရှို့ခြင်းဖြစ်ကြောင်း၊ ပြည်သူများစွာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

“တိုက်ပွဲကမကြာခဏဖြစ်တယ်။ တောင်ရိုးရွာက မင်းကွန်းတောင်ရိုးရဲ့အနောက်ဘက်ခြမ်းမှာပါ။ အိမ်ခြ ၁၀၀၀ နီးပါး ရှိပါတယ်။ အခု ပြည်သူ အားလုံးပြေးနေရပါတယ်။ အခုမှ ရွာကို စစ်တပ်က ဝင်လာပြီး မီးရှို့တာ။ ပြည်သူတွေက နိုဝင်ဘာလ ၁၃ရက်နေ့ကတည်းက ပြေးရတာ။ အခုက ရွာကို ပထမဆုံးအကြိမ် စစ်တပ်က မီးဝင်ရှို့တာပါ။ ပြည်သူတွေ အားလုံး စစ်ဘေးရှောင် ထွက်ပြေးရင်း ဒုက္ခရောက်နေကြပါတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောသည်။

ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ စဉ့်ကိုင်တောင်ရွာ၊ မြောက်ရွာကို စစ်တပ်က မီးတင်ရှို့ခဲ့ကြောင်း၊ ယနေ့တွင် စစ်ကိုင်းမြို့နယ်၊ တလိုင်းကျေးရွာကို စစ်တပ်က မီးရှို့နေကြောင်း၊ ထို့နောက် မင်းဝံ တောင်ရိုးကျေးရွာများများကို ထပ်မံ၍ စစ်ကြောင်းထိုး မီးရှို့နေခြင်းဖြစ်ပြီး ကျေးရွာ ၂၀ မှ ပြည်သူ သောင်းချီ ထွက်ပြေးနေရသည်ဟု သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article