ရန်ကုန်၊ နိုဝင်ဘာ ၁၈
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ မြတောင်ဘုန်းကြီး ကျောင်းအနီးတွင် နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်း ဗုံးပေါက်ကွဲမှုကြောင့် လူ ၁ ဦး ဗုံးစထိမှန် ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၂၈ မိနစ်အချိန် မဟာအောင်မြေ မြို့ နယ်၊ ၃၅ လမ်း ၈၅ လမ်းနှင့် ၈၆ လမ်းအကြားရှိ မြတောင်ဘုန်းကြီး ကျောင်း အနီးတွင် ဆိုင်ကယ်ပေါ်မှ ဗုံးပစ်ပေါက်သွားခြင်းဖြစ်ပြီး ကားတစ်စီး ထိမှန်ကာ လူ ၁ ဦး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဗုံးကွဲတာက လူသေတယ်။ ဆိုင်ကယ်နဲ့ ပစ်သွားတယ်လို့ပြောပါတယ်။ သေ သေ ချာချာတော့ မသိလိုက်ဘူး။ ဗုံးက ရပ်ထားတဲ့ကားနားမှာပေါက်ပြီး အနားမှာရှိတဲ့လူကို ဗုံးထိတာ ” ဟု မန္တလေးဒေသခံလူငယ်တစ်ဦးက ပြော ဆိုသည်။
အလားတူ မကွေးမြို့နယ်၊ အဝေရာလမ်းပေါ်ရှိ မြို့နယ် လဝကရုံးကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အဝေရာလမ်းပေါ်ရှိ မြို့နယ် လ.ဝ.က ရုံးကို ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေး တပ်မတော်က အဝေး ထိန်း ဗုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် မြို့နယ် လဝကရုံးရှိ အတွင်းရှိ အဆောက်အအုံ ပစ္စည်း များ ထိခိုက်ပျက်စီးခဲ့ပြီး ဝန်ထမ်းများ ထိခိုက် ဒဏ်ရရှိမှု မရှိကြောင်း၊ Non CDM ဝန်ထမ်းများ အကြမ်းဖက် စစ်ကောင်စီ အလိုကျ ဆက်လက် လုပ် ဆောင်ပါက အသက်အိုးအိမ် စည်းစိမ်ကို တာဝန်ယူမည် မဟုတ်ကြောင်း ဗိဿ နိုးနယ်မြေ ပြည်သူ့ကာကွယ်ရေး တပ်မတော်က ပြောဆို ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- ယနေ့ နံနက် မန္တလေးတွင် ဗုံးပေါက်ပြီး လူတစ်ဦး သေဆုံးမှု မြင်ကွင်း။